စစ်ဗိုလ်ကတော်နှင့် NLD ထောက်ခံသူ အွန်လိုင်းတွင် အချင်းများရာမှ စစ်ဗိုလ်ကတော်က NLD ထောက်ခံသူ အမျိုးသမီးကို ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ဖမ်းဆီး၊ အခြားပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်များက ဖမ်းဆီးသွား

စစ်ဗိုလ်ကတော်နှင့် NLD ထောက်ခံသူ အွန်လိုင်းတွင် အချင်းများရာမှ စစ်ဗိုလ်ကတော်က NLD ထောက်ခံသူ အမျိုးသမီးကို ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ဖမ်းဆီး၊ အခြားပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်များက ဖမ်းဆီးသွား

ရန်ကုန်၊ ဩဂုတ် ၁၉

မကွေးတိုင်း၊ တောင်တွင်းကြီးတွင် စစ်ဗိုလ်ကတော် ဒေါ်ဖြူဖြူထိုက် NLD ထောက်ခံသူ ဒေါ်စံပယ်ဌေးကို အွန်လိုင်းပေါ်တွင် Comment ရေးသားအချင်းများသည့် ကိစ္စကို မကျေနပ်၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဘုရင်မ အမည်ရှိ Facebook Account ဖြင့် အသုံးပြုနေသည့် ဒေါ်စံပယ်ဌေးကို ဒေါ်ဖြူဖြူထိုက်က အွန်လိုင်းပေါ်တွင် အချင်းများသည့် အကြောင်းအရာအပေါ် မူတည်၍ ဩဂုတ်လ ၁၇ ရက်နေ့တွင် အမှုဖွင့် ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိတွင် ဒေါ်စံပယ်ဌေးကို ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရှိရသည်။

အလားတူ တောင်တွင်းကြီးမြို့၊ အုန်းတော ၂ ရပ်ကွက်၊ အပိုင်း ၄ မှာနေထိုင်သည့် ကိုမင်းမင်းဆိုသူကို စစ်တပ်က ယနေ့ နေ့လယ် ၂ နာရီတွင် ဖမ်းဆီးသွားကြောင်း၊ ကိုမင်းမင်းသည် ရပ်ကွက်အတွင်း ရေရောင်းတဲ့အလုပ်ကိုလုပ်ကိုင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ပုဒ်မ ၆၆ ဃ ဖြင့် ဖမ်းဆီးခံထားရသူ ဒေါ်စံပယ်ဌေး ။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*