စစ်အုပ်စုကို အရေးယူမည့် ICC ၏ တရားစီရင်ပိုင်ခွင့်ကို သဘောတူကြောင်းလက်ခံလွှာ NUG တင်သွင်း

စစ်အုပ်စုကို အရေးယူမည့် ICC ၏ တရားစီရင်ပိုင်ခွင့်ကို သဘောတူကြောင်းလက်ခံလွှာ NUG တင်သွင်း

Aug 20.2021

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်တပ်က ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူမည့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)၏ တရားစီရင်ပိုင်ခွင့်ကို သဘောတူ‌ကြောင်း လက်ခံလွှာကို ICC မှတ်ပုံတင်အရာရှိထံ တရားဝင်တင်သွင်းခဲ့ကြောင်း NUG က ဩဂုတ် ၂၀ ရက်တွင် ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်း သတ်ဖြတ်ခဲ့ပြီး တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်။

အဆိုပါ ကြေညာချက်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ပုဒ်မ ၁၂(၃)နှင့်အညီ တင်သွင်းခဲ့ခြင်းဖြစ်သည်။ယင်းသို့တင်သွင်းခြင်းသည် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး၏ စာချုပ်(ရောမစာချုပ်)တွင် သဘောတူလက်မှတ်ရေးထိုးမထားသော နိုင်ငံကို ခုံရုံး၏ တရားစီရင်ပိုင်ခွင့် ကျင့်သုံးခြင်းအတွက် သဘောတူလက်ခံစေနိုင်ကြောင်း NUG က ပြောသည်။

ထိုကြေညာချက်ကို ဆက်လက်စဉ်းစားနိုင်ရန် ခုံရုံး၏ မှတ်ပုံတင်အရာရှိထံ ဇူလိုင် ၁၇ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း NUG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်တပ်က ကျူးလွန်ဆဲဖြစ်သော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများကို သတိပြုမိသည့်အပြင် အတိတ်တွင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ အားလုံးအတွက်လည်း တရားမျှတမှုကို ဖော်ဆောင်ရန် ကြိုးပမ်းနေကြောင်း NUG က ထုတ်ပြန်ထားသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*