စားသောက်ကုန် ၄မျိုး၃၀၀ရောင်းပေးတဲ့အဖွဲ့ထဲက အမျိုးသမီးကို ဖမ်းသွားလို့ ကျန်လူတွေရှောင်တိမ်းနေရ

စားသောက်ကုန် ၄မျိုး၃၀၀ရောင်းပေးတဲ့အဖွဲ့ထဲက အမျိုးသမီးကို ဖမ်းသွားလို့ ကျန်လူတွေရှောင်တိမ်းနေရ

 

သြဂုတ် ၂၃-၂၀၂၁

KK (VOM)

 

သထုံမြို့က အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန် ၄ မျိုးကို သုံးရာကျပ်နဲ့ရောင်းချပေးတဲ့အဖွဲ့က အမျိုးသမီးတစ်ဦး ဖမ်းဆီးခံလိုက်ရပြီးနောက် ကျန်လူငယ်တွေပါ ရှောင်တိမ်းနေရတယ်လို့ Thanton DonationTeam

အဖွဲ့ကနေ သိရပါတယ်။

 

ဖမ်းဆီးလိုက်တဲ့အဖွဲ့ကတော့ သထုံမြို့နယ်က အခြေခံလူတန်းစားတွေ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် ​ခေါက်ဆွဲခြောက်၊ကြက်ဥ၊ကြက်သွန်နီနဲ့ဟင်းသီးဟင်းရွက်လေမျိုးကို ငွေ၃၀၀ကျပ်နဲ့ ရောင်းချပေးနေတဲ့ Thanton Donation Teamအဖွဲ့ပဲဖြစ်ပါတယ်။

 

” အဖွဲ့ထဲက ဒေါ်ချောစုကိုဆိုသူကို စစ်တပ်နဲ့ရဲတွေက PDFကိုထောက်ပံ့နေသူဆိုပြီး စွပ်စွဲချက်နဲ့ သြဂုတ် ၁၆ရက် ညပိုင်းက နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့တယ်၊ အဖွဲ့ထဲမှာ သူကအသက်ကြီးဆုံး၊ ပြီးတော့ကျွန်တော်တို့အဖွဲ့က နိူင်ငံရေးနဲ့မပတ်သက်ဘူး၊ အခက်အခဲဖြစ်နေတဲ့သူတွေကို စားဝတ်နေရေးအဆင်ပြေအောင်ကူညီပေးတာ၊ အခုကလေးတွေက ဖမ်းမှာကြောက်ပြီး မြို့ကနေထွက်ပြေးနေရတယ်”လို့ Thanton Donation Teamအဖွဲ့က တာဝန်ရှိသူတစ်ဦးက VOMကို ပြောပါတယ်။

 

hanton Donation Teamအဖွဲ့က လူငယ်တစ်ဦးက”အခုနေ မရှိတဲ့သူတွေက အကူအညီတောင်းရင် သွာလှူဖို့ခက်ခဲတယ်၊ လမ်းမှာဖမ်းမှာစိုးရိမ်ရတယ်၊ အဖွဲ့ကလူငယ်အချို့ကို ကြောက်လို့မနေရဲကြတော့ဘူး”လို့ VOMကို ပြောပါတယ်။

 

ကိုဗစ်တတိယလှိုင်းကာလအတွင်း စားဝတ်နေရေးခက်ခဲနေတဲ့ အိမ်ထောင်စုတွေကို လူငယ်တွေက “ပြည်သူမှ ပြည်သူ”သို့ ကူညီခြင်းဆိုတဲ့အစီအစဥ်ကို ကုန်ပစွည်းတွေ စျေးလျှော့ရောင်းချခြင်းဖြင့် ရန်ကုန်၊မန္တလေးနဲ့အခြားမြို့ကြီးတွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းကလည်း လှိုင်သာယာမြို့နယ်မှာ ကုန်ပစွည်းလေးမျိုးကို ငွေတစ်ရာနဲ့ရောင်းချပေးတဲ့အဖွဲ့ကို မြို့နယ်အာဏာပိုင်တွေက ဖမ်းဆီးပြီး ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့တာလည်းရှိပါတယ်။

 

အခုလို ဖမ်းဆီးခံရမှုကြောင့် ပြည်သူတွေကို မကူညီနိုင်တော့လို့ စိတ်မကောင်းဖြစ်ရတယ်လို့ Thanton Donation Team က ဒီကနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

 

Voiceofmyanmar VOM

Be the first to comment

Leave a Reply

Your email address will not be published.


*