ညောင်ရွှေမြို့နယ်က ရဲတပ်သားတစ်ဦး အင်းလေးပြည်သူ့ ကာကွယ်ရေးတပ်နဲ့ပူးပေါင်း

ညောင်ရွှေမြို့နယ်က ရဲတပ်သားတစ်ဦး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်နဲ့ပူးပေါင်း

Aug 17.2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်မှာရှိတဲ့ ညောင်ရွှေမြို့မရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတစ်ဦး အင်းအမျိုးသားကာကွယ်ရေးတပ် INDF နဲ့ပူးပေါင်းလာတယ်လို့ INDF ဘက်က ဒီကနေ့ သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

” သူက အာဏာသိမ်းပြီးကတည်းက CDM လုပ်ထားတဲ့ရဲပါ။ အခုမှ ကျွန်တော်တို့နဲ့လာရောက်ချိတ်ဆက်ပူးပေါင်းတာပါ။ အခုတော့ သူကို့လုံခြုံတဲ့နေရာမှာထားပေးပြီး လိုအပ်တာတွေကူညီထောက်ပံ့ပေးဖို့လုပ်နေပါတယ်” လို့ အင်းအမျိုးသားကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အင်းအမျိုးသားကာကွယ်ရေးတပ်ဟာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အင်းလေးဒေသမှာရှိတဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အင်းအမျိုးသားတရပ်လုံးကိုကိုယ်စားပြုတယ်လို့ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုလိုလားတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ CRPH တို့နဲ့အတူ တခြား ဒေသကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့အင်းအမျိုးသားကာကွယ်ရေးတပ်က အဖွဲ့ဝင်တွေကပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့တော့ သက်ဆိုင်ရာညောင်ရွှေမြို့မ ရဲစခန်းနဲ့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။

ဘီဘီစီမြန်မာပိုင်း
ဓါတ်ပုံ- INDF

Be the first to comment

Leave a Reply

Your email address will not be published.


*