တပ်မဟာ ၂ နယ်မြေအတွင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေဆုံးဟု KNDO ပြော

တပ်မဟာ ၂ နယ်မြေအတွင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေဆုံးဟု KNDO ပြော

 

ရန်ကုန်၊ သြဂုတ် ၂၄

 

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ စစ်ရေးလှုပ်ရှားရာ တပ်မဟာ ၂ နယ်မြေအတွင်း သြဂုတ်လ ၂၄ ရက်နံနက်တွင် အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ထန်းတပင်မြို့နယ်၊ ရေသိုးကြီးကျေးရွာအနီးတွင် KNDO တပ်ရင်း ၄ မှ မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးကြောင်း KNDO ထံမှ သိရသည်။

 

” ဒီမနက် ၆ နာရီမှာဖြစ်တာပါ၊ ‌ရေသိုးကြီးရွာအကျော် စစ်ကောင်စီတပ်ရဲ့ ကိုးဒေးစခန်းမရောက်ခင်ဖြစ်တာ၊၁၈ မိုင်း ၃ လုံးနဲ့ ကျနော်တို့ ဆွဲပြီး ပစ်တာ၊ စကစက လူသစ်တွေလား ထောင်သားတွေလားမသိဘူး၊ အစုလိုက်အပြုံလိုက်ကို သွားနေတာ။ ဆွဲမိုင်းဆွဲပီးရော ရန်သူတွေ အော်သံ ညည်းသံတွေ ကြားနေရတယ်၊ အနည်းဆုံးတော့ ၁၀ယောက်အထက်သေဆုံးမယ်။ သေဆုံးမှုအတည်ကိုတော့ ဘယ်လောက်ရှိလဲအကုန်မသိရသေးဘူး၊ တိုက်ပွဲက နာရီဝက်ကျော်ကြာပြီး ခုပြန်ငြိမ်သွားပါပြီ။ စကစတွေအင်အားပိုတိုး လှုပ်ရှားလာတာကြောင့် တိုက်ပွဲပိုပြင်းထန်လာဖို့ပဲရှိတာပေါ့” ဟု တပ်ရင်း ၄ ရုံးထိုင်မှူး ဗိုလ်ကြီးစောတာဘိုမူးမှ ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်များသည် KNU ထိန်းချုပ်ရာနယ်မြေများအတွင်း ထိုးစစ်ဆင်ဝင်ရောက်လာမှုကြောင့် ယခုလအတွင်း KNU တပ်မဟာ ၂ နယ်မြေတွင် စစ်ကောင်စီတပ်နှင့် KNDO တပ်ရင်း ၄ တို့ကြား ထိတွေ့တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*