တရုတ်အထူးကိုယ်စားလှယ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့

တရုတ်အထူးကိုယ်စားလှယ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့

 

ဧရာဝတီ၊ သြဂုတ် ၃၁၊ ၂၀၂၁

 

တရုတ် အထူးကိုယ်စားလှယ် Sun Guoxiang မြန်မာ နိုင်ငံသို့ ရောက်ရှိလာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တရုတ် အထူးကိုယ်စားလှယ် ခရီးစဉ်သည် သြဂုတ်လ ၂၁ ရက်မှ ၂၈ ရက်အထိဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်း ထုတ်ပြန်ထားခြင်း မရှိပေ။

 

မြန်မာနိုင်ငံ၏ နိုင်ငံရေးအဖွဲ့အစည်းများသည် သင့်မြတ်သည့် အဖြေတခုကို ရှာရန် လိုအပ်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းအပေါ် အခြေခံသည့် အာဆီယံတွင် သဘောတူညီထားသည့် အချက် ၅ ချက်ကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

 

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် လက်တွဲလုပ်ဆောင်ပြီး မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ပြန်လည်ဖော်ဆောင်ရန် လို လားကြောင်းလည်း ဆိုသည်။

 

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ကူးစက်မြန် ကပ်ရောဂါ ကိုဗစ်-၁၉ ပြန့်ပွားမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ကူညီပံ့ပိုးမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ် ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

 

 

Source – Errawady Burmise

Be the first to comment

Leave a Reply

Your email address will not be published.


*