တရုတ်အထူးကိုယ်စားလှယ် ဆွန်ဂေါ်ရှန်းနှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွေ့ဆုံ၊ ဖက်ဆစ်စစ်ကောင်စီက သတင်း မထုတ်ပြန်ဘဲ လျှို့ဝှက်ထား

တရုတ်အထူးကိုယ်စားလှယ် ဆွန်ဂေါ်ရှန်းနှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွေ့ဆုံ၊ ဖက်ဆစ်စစ်ကောင်စီက သတင်း မထုတ်ပြန်ဘဲ လျှို့ဝှက်ထား

 

ရန်ကုန်၊ စက်တင်ဘာ ၁

 

တရုတ်နိုင်ငံမှ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ဂေါ်ရှန်းသည် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့ အထိ သွားရောက်ခဲ့ပြီး အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီဘက်မှ ပါဝင်နေသူများနှင့် တွေ့ဆုံခဲ့ကြောင်း တရုတ်ဘက်က တရားဝင် သတင်းထုတ်ပြန်သည်။

 

တရုတ်အထူးကိုယ်စားလှယ် ဆွန်ဂေါ်ရှန်း မြန်မာနိုင်ငံသို့ လာရောက်သည့် သတင်းကို စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့သော်လည်း တရုတ်ဘက်ကမူ တရားဝင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

 

တရုတ်အထူးကိုယ်စားလှယ်သည် ၀ဏ္ဏမောင်လွင်၊ ရာပြည့် တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

 

တရုတ်အထူးကိုယ်စားလှယ်က တရုတ်၏ မိတ်ဆွေမူဝါဒသည် မြန်မာနိုင်ငံသားများအားလုံးအတွက်ဖြစ်ကြောင်း၊ လက်ရှိ ပြဿနာရပ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှ အားလုံးပူးပေါင်း ပါဝင် အဖြေရှာကြရန် မျှော်လင့်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။

 

တရုတ်အနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင် အထည်ဖော်ရန် ထောက်ခံကြောင်း၊ ပြင်ပမှ ကျူးကျော်မှုကို ဆန့်ကျင်ပြီး နိုင်ငံတကာနှင့်အတူမြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေး၊ လူမှု တည်ငြိမ်ရေး ပြန်လည် ရရှိရန် ပူးတွဲဆောင်ရွက်မည်ဟုလည်း ပြောဆိုကြောင်း သိရှိရသည်။

 

ကိုဗစ်တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်၍ ကူညီမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုလည်း ကူညီမည်ဟု တရုတ်အထူးကိုယ်စားလှယ်က ပြောဆိုကြောင်း တရုတ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ- ၂၀၁၅ ခုနှစ်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆွန်ဂေါ်ရှန်း တွေ့ဆုံခဲ့သည့် ဓာတ်ပုံမှတ်တမ်း။ (ဆင်ဟွာ)

 

 

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*