တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်းမြို့နယ်အတွင်း MNDAA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယနေ့နံနက်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီ၏ အင်အားတိုးချဲ့လာမှုကြောင့် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ

တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်းမြို့နယ်အတွင်း MNDAA နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယနေ့နံနက်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီ၏ အင်အားတိုးချဲ့လာမှုကြောင့် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ

ရန်ကုန်၊ သြဂုတ် ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်းမြို့နယ် ဖိုင်ကောင်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် MNDAA တပ်ဖွဲ့များ ယနေ့ သြဂုတ်လ ၂၃ ရက်နံနက်တွင် တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် ဒေသတွင်းဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါအား ကာကွယ်တားဆီးရေးအတွက် စိန်ခေါ်မှုများကြုံနေရသည့်အပြင် ဒေသခံပြည်သူများအတွက် စားဝတ်နေရေး ခက်ခဲစေကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang တွင် ဖော်ပြထားသည်။

ယနေ့နံနက်ဖြစ်ပွားသော တိုက်ပွဲအသေးစိတ်နှင့် ထိခိုက်ကျဆုံးစာရင်းကို မသိရှိနိုင်သေးပေ။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် MNDAA စစ်ရေးလှုပ်ရှားရာ မီတန်တောင်ကြောအတွင်း ထိုးစစ်ဆင်နေပြီး သြဂုတ်လ ၂၀ နှင့် ၂၁ ရက်များတွင် ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ပန်ဆိုင်းအခြေစိုက် တပ်မ ၉၉၊ တပ်ရင်း ၁၄ နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနလက်အောက်မှ စစ်အင်အားစုစုပေါင်း ၁၆၀ ခန့်မှလည်း နမ့်ပါတီ၊ နမ့်ဟူး၊ ခါလင်ဒေသတဝိုက်တွင်အခြေစိုက်လှုပ်ရှားလျက်ရှိသည်ဟု MNDAA ရှေ့တန်းစစ်မြေပြင်မှကွပ်ကဲရေး အရာရှိတဦးမှ ပြောသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*