တာလီဘန်ကို ဆန့်ကျင်ပြီး အမ္မရူလာ ဆာလာဟ်က အာဖဂန် အိမ်စောင့် အစိုးရ သမ္မတအဖြစ် ကြေညာ

တာလီဘန်ကို ဆန့်ကျင်ပြီး အမ္မရူလာ ဆာလာဟ်က အာဖဂန် အိမ်စောင့် အစိုးရ သမ္မတ အဖြစ် ကြေညာ

အာဖဂန်နစ္စတန် ဒုသမ္မတ အမ္မရူလာ ဆာလာဟ်က တာလီဘန်နဲ့ စစ်မပြီးဆုံး သေးကြောင်း ကြေညာပြီး၊ သူသာ အခြေခံဥပဒေနဲ့ အညီ အိမ်စောင့် အစိုးရ သမ္မတ ဖြစ်ကြောင်း ပြောလာပါတယ်။

သူ့ရဲ့ အသံဖိုင်ကို ဘီဘီစီ လက်ခံရရှိခဲ့ပြီး နယူးစ်နိုက် အစီအစဥ်ကနေ ထုတ်လွှင့် ထားပါတယ်။

အမ္မရူလာ ဆာလာဟ်ဟာ အခု ယူအေအီးမှာ ရောက်နေတဲ့ အာရှရပ်ဖ် ဂါနီရဲ့ လက်ထောက် ဒုသမ္မတ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အာရှရပ်ဖ် ဂါနီ တိုင်းပြည်ကနေ ထွက်ပြေးသွားချိန်မှာ အမ္မရူလာ ဆာလာဟ်ဟာ ပန်ဂျ်ရှား တောင်ကြားဒေသမှာ အင်အား ပြန်လည် စုဖွဲ့ပြီး တာလီဘန်တွေကို ဆက်လက် ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

အမ္မရူလာ ဆာလာဟ် ဦးဆောင်တဲ့ အာဖဂန် အိမ်စောင့် အစိုးရ ဆိုတာကို ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေက ဘယ်လို သဘောထားသလဲ ဆိုတာတွေတော့ ထွက်ပေါ် မလာသေးပါဘူး။

ဒါပေမယ့် တာဂျစ်ကစ္စတန်မှာ ရှိတဲ့ အာဖဂန်သံရုံးက သံအမတ် မိုဟာမက် ဇာဟီ အက္ကဘာကတော့ အမ္မရူလာ ဆာလာဟ်ရဲ့ အိမ်စောင့် အစိုးရကို အသိအမှတ်ပြု ဖို့ ရည်ရွယ်ထားတယ် ဆိုပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။

တိုင်းပြည်က ထွက်ပြေးသွားတဲ့ အာရှရပ်ဖ်ဂါနီကိုလည်း အမိမြေကို သစ္စာဖောက်သူ ဆိုပြီး ဝေဖန်တဲ့ အပြင် မစ္စတာဂါနီဟာ ဒေါ်လာ ၁၆၉ သန်း ယူဆောင်ပြီး ပြေးသွားတာ ဖြစ်တယ်လို့ သံအမတ် ဇာဟီ အက္ကဘာ စွပ်စွဲပြောဆိုပါတယ်။ #ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ – သူသာ တရားဝင် အိမ်စောင့် အစိုးရ သမ္မတ ဖြစ်တယ်လို့ ကြေညာသူ အမ္မရူလာ ဆာလာဟ်

Be the first to comment

Leave a Reply

Your email address will not be published.


*