တောင်တွင်းကြီးက ကြံ့ခိုင်ရေးပါတီဝင်တဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးကာ ကားပါသိမ်းသွား

တောင်တွင်းကြီးက ကြံ့ခိုင်ရေးပါတီဝင်တဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးကာ ကားပါသိမ်းသွား

 

ဩဂုတ် ၂၅ရက်

 

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကုလားမကျေးရွာ၊ သစ်စက်ရပ်ကွက်က ကြံ့ခိုင်ရေးပါတီဝင် ဦးဖုန်းမြတ်မင်း (ခေါ်) ကိုဖုန်းကို သြဂုတ်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးကာ ကားပါသိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“ဖမ်းသွားတာ ၂ ရက်လောက်ရှိပြီ။ ရွာကနေ မြို့ပေါ်ကိုဈေးဝယ်သွားတာ။ ကားကိုလမ်းဘေးမှာရပ်ထားတဲ့အချိန် လူကိုရိုက်နှက်ပြီး ကားကိုပါ မောင်းယူသွားကြတာ။ ဘာကြောင့်ရယ်တော့မသိရဘူး။ ဘယ်မှာဖမ်းထားသလဲတိုတာလည်း စုံစမ်းလို့မရဘူး။ ရဲစခန်းထဲမှာလည်း ကားမတွေ့လို့ စိတ်ပူတာပေါ့” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

 

ဦးဖုန်းမြတ်မင်းဟာ လိုက်ထရပ်ကားဖြင့် ကုလားမကျေးရွာကနေ တောင်တွင်းကြီးမြို့ပေါ်ကို ယာဉ်ပြေးဆွဲပေးနေသူဖြစ်တယ်လို့ သိရပါတယ်။

 

တောင်တွင်းကြီးမြို့မှာ မနေ့က ညနေပိုင်းကလည်း ကန်တော်ကြီးဘောင်ပေါ်မှာ အပန်းဖြေနေသူတွေရဲ့ ဆိုင်ကယ် ၄ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

 

#pale_entertainment

Be the first to comment

Leave a Reply

Your email address will not be published.


*