ဒဂုံဆိပ်ကမ်း ၆၀ရပ်ကွက်မှာ လူငယ် ၁၀ဦး လက်နက်တွေနဲ့ ဖမ်းဆီးခံရ

ဒဂုံဆိပ်ကမ်း ၆၀ရပ်ကွက်မှာ လူငယ် ၁၀ဦး လက်နက်တွေနဲ့ ဖမ်းဆီးခံရ

 

ရန်ကုန်၊ ဩဂုတ် ၂၄ -၂၀၂၁

KK (VOM)

 

ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀ရပ်ကွက်၊ ဧရာဝဏ်လမ်းအနီးက တည်းခိုခန်းတစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ရာ လူငယ်(၃)ဦး နဲ့ ပစွတိုနှစ်လက် ကျည်၃၃တောင့်နဲ့ ဖမ်းခံခဲ့ရပြီး နောက်ထပ် ၆ဦးပါ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အမည်မဖော်လိုသူတစ်ဦးက ” နောက်ခြောက်ယောက်က သူတို့ကတဆင့် သိလို့ ထပ်ဖမ်းတာ၊ဒဂုံဆိပ်ကမ်း ၉၀ရပ်ကွက်က ၆ယောက် နဲ့ အမျိုးသမီး ၁ဦးပါ”လို့ ရှင်းပြပါတယ်။

 

ဒီကနေ့ ညနေပိုင်းကလည်း သာကေတမြို့နယ်၊ (၈)ရပ်ကွက်၊ နဝရတ်(၁၀)လမ်းက တိုက်တစ်ခုကို ဝင်ရောက်ပစ်ခတ်ပြီး လူငယ်(၄)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ၈ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

 

မနေ့ ဩဂုတ်လ ၂၃ရက် မနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ၁ရပ်ကွက်၊ ရွေဝါထွန်းပစ်ခတ်မှုမှာ လည်း (၄)ဦးဖမ်းဆီးခံခဲ့ရပါတယ်။

 

အခုရက်ပိုင်းတွင်း စစ်တပ်နဲ့ရဲတွေဟာ မြို့နယ်အချို့ရှိ တက်ကြွလှုပ်ရှားသူလူငယ်တွေကို လိုက်လံဖမ်းဆီးခဲ့တာလည်း ရှိပါတယ်။

 

Voiceofmyanmar VOM

Be the first to comment

Leave a Reply

Your email address will not be published.


*