ဒီစာမဖတ်ခင် လက်မှတ်နံပါတ်ကို အရင်ဖတ်လိုက်ပါနော်။

ဒီစာမဖတ်ခင် လက်မှတ်နံပါတ်ကို အရင်ဖတ်လိုက်ပါနော်။ နံပါတ်က အလန်းစား။ အဓိပ္ပါယ်ဖော်ကြည့်လိုက်ပါဦး။

 

ကိုယ်က 5 Millions Challenge မှာ Host လုပ်ပေးခဲ့တဲ့အတွက် အမှတ်တရ လက်ဆောင်တစ်ခု စီစဉ်ပေးမယ်လို့ဆိုလာတော့ ဒီနံပါတ်နဲ့ လက်မှတ်လေး ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ လုံးဝ ဘယ်မှာမှမရှိတဲ့ ဘာနဲ့မှ မတူတဲ့ လက်မှတ်ပါ။

 

ဒီလက်မှတ်ကို မင်းအောင်လှိုင်အတွက် ကူးတို့ခတစ်မတ်လို့ သဘောထားပြီး လေလံတင်ပါမယ်။ ကြမ်းခင်းစျေးတစ်မတ်ပါ။ တစ်မတ်ကစပြီး လေလံပေးလို့ရပါတယ်။ အများဆုံး ပေးသူကို ဒီလက်မှတ်ပေးပါမယ်။ ရရှိငွေအားလုံးကို 5 Millions Challenge ကို ပေးအပ်သွားမှာပါ။

 

Comment မှာ ရေးရဲရင် Comment မှာ ရေးပါ။ တိုးတိုးတိတ်တိတ် လေလံပေးချင်ရင် ချက်ဘောက်လာပြောပါ။

 

ကြမ်းခင်းစျေးက တစ်မတ်ပါ။ လက်မှတ်မဝယ်လိုက်ရသူတွေ၊ လက်မှတ်ဝယ်ဖို့ကြိုးစားရင်း reply မရလိုက်တဲ့သူတွေအတွက် နောက်ဆုံးပိတ် တစ်စောင်တည်းသော နံပါတ်အလန်းစားနဲ့ လက်မှတ်ပါ။ ရရှိငွေကို 5 Millions Challenge ဆီပဲ ပေးအပ်မှာမို့ မူလရည်ရွယ်ရင်းကို တည့်တည့်ရောက်မှာပါ။

 

မင်းအောင်လှိုင် သေဂျင်းဇိုးဖို့ ရည်ရွယ်ပြီး ကူးတို့ခတစ်မတ် အတိတ်နိမိတ်နဲ့ 5 Millions Challenge ကို များများလှူနိုင်ဖို့ နောက်ဆုံးပိတ်လေး ကြိုးစားလိုက်ရအောင်။

Be the first to comment

Leave a Reply

Your email address will not be published.


*