ဒီတစ်ခါတော့ ရမယ်မထင်နဲ့ မင်းအောင်လှိုင်ရေ။ အခု့ပြည်သူတွေက စောက်ချဥ်မဟုတ်ဘူးဆိုတာ သဘောပေါက်

၂ခါပဲရမယ်။
မြန်မာ့စစ်တပ်သည် မြန်မာပြည်သူများကိုသာမက ကမ္ဘာကြီးကိုပင် နားလှည့်ပါးရိုက်၍ ကလိမ်ကကျစ်ကျခဲ့သည့်အရာမှာ စစ်အုပ်ချုပ်ရေးသည် ယာယီသာဖြစ်ပြီး မကြာမှီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးကာ ရွေးကောက်ခံ အရပ်သားများသို့ အာဏာပြန်လွှဲပေးမည်ဆိုသည့် စကားဖြစ်သည်။

၁၉၆၂ ခုနှစ် အာဏာသိမ်းမှုအပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်တပ်သည် တိုင်းပြည်ကို အကြာကြီး မအုပ်ချုပ်ပါI အရပ်သားနိုင်ငံရေးသမားများဦးဆောင်သည့် အုပ်ချုပ်ရေးစနစ်သို့ ပြန်သွားရန် ကတိပြုသည်ဟု့ ပြောခဲ့သည်။ ထို့နောက် ထိုစစ်ခေါင်းဆောင်များသည် စစ်ဝတ်စုံချွတ်၍ အရပ်သားဝတ်စုံများကို ပြောင်းလဲဝတ်ဆင်၏I အခြေခံဥပဒေကို စိတ်တိုင်းကျရေးဆွဲကာ ဆိုရှယ်လစ်စနစ်ဖြင့် အုပ်ချုပ်သည်။ ၂၆နှစ်ကြာပြီး တိုင်းပြည်လည်း မွဲသည်။

တဖန် ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုအပြီးတွင်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်က စစ်တပ်သည် သမိုင်းတရားခံအဖြစ်မခံနိုင်၍ အခြေခံဥပဒေကို ရေးဆွဲမည်မဟုတ်I ၁၉၉၀ ရွေးကောက်ပွဲပြီးလျှင် ရွေးကောက်ခံအရပ်သားများကို အာဏာပြန်လွှဲပေးကာ စစ်တန်းလျားသို့ ပြန်မည်ဟု ကတိပေးသည်။ သို့သော် လက်တွေ့တွင် စစ်တပ်သည် စစ်တန်းလျားသို့ မပြန်ရုံမကတိုင်းပြည်ကို ၂၂နှစ်ကြာအောင် အုပ်ချုပ်ခဲ့၏။ ထိုကာလအတွင်း စစ်တပ်သည် မည်သည့်အခါမှ စစ်တန်းလျားသို့ မပြန်ရလေအောင် အခြေခံဥပဒေကိုစိတ်ကြိုက်ရေးဆွဲသည်။ ထိုနောက် ဦးနေဝင်းကဲ့သို့ပင် နအဖစစ်ခေါင်းဆောင်များသည် စစ်ဝတ်စုံများကိုချွတ်၍ ချိတ်ထမိန်များ ပြောင်းဝတ်ကာ ဒီမိုကရေစီအရေခြုံပြီး ၅နှစ်ဆက်အုပ်ချုပ်လေသည်။ စု့စု့ပေါင်း ၂၇နှစ် ကြာပြီး တိုင်းပြည်လည်း အဝီဇိရောက်သည်။

ယခု့ ၂၀၂၁ ခုနှစ်တွင်လည်း အာဏာသ်ိမ်းမူ့အပြီးအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းဟောင်လှိုင်က စစ်အုပ်ချုပ်ရေးသည် ယာယီသာဖြစ်ပြီးI တစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပကာ အရပ်သားများကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောလေသည်။

ထိုသို့ပြောပြီး ၆လပြည့်သည့်အခါ စစ်ကောင်စီသည် အိမ်စောင့်အစိုးရအဖွဲ့ကို ထပ်ဖွဲ့၏။ နောက်ထပ် ၂နှစ် ပြည့်အောင် အုပ်ချုပ်ပြီးသည့်အခါမှ ရွေးကောက်ပွဲလုပ်ကာ အနိုင်ရပါတီအား အာဏာလွှဲပေးမည်ဟု့ ဒုတိယအကြိမ် တစ်မျိုး ထပ်မံပြောကြားပြန်ပါသည်။

မင်းအောင်လှိုင်သည် ကာချုပ်ပင် ဖြစ်လင့်ကစား ပြဌါန်းထားသည့် ဥပဒေများကို မလိုက်နာရုံသာမက ယန့အချိန်အထိ ၎င်းကိုယ်တိုင် ပြောကြားခဲ့သည့် ကတိစကားများကိုပင် တန်ဖိုးထား စောင့်ထိန်းတတ်သည့် သိက္ခါရှိ စစ်ခေါင်းဆောင်ကောင်းတစ်ယောက်မဟုတ်ပေ။ ပါးစပ်ပေါက်နှင့် ဖင်ပေါက်နေရာလွဲရောက်နေသကဲ့သို့ အရှက်တရားကင်းမဲ့စွာ အခု့တစ်မျိုး တော်ကြာတစ်မျိုး ပြောသူသာ ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ ကတိပေးပြောကြားချက်ကို ခေါင်းထဲ မစင်ပြည့်နေသောသူများကသာ ယုံကြည်ကြပေလိမ့်မည်။ အသိဥာဏ်ရှိသူတို့သည် ယုံကြည်လက်ခံမည်မဟုတ်။

သေချာသည်ကား မင်းဟောင်လှိုင်နှင့် သူ၏နောက်လိုက်စစ်ခေါင်းဆောင်တစ်သိုက်သည် ယခင်စစ်ဗိုလ်ယုတ်ကြီးများ လျှောက်ခဲ့သည့် လမ်းကြောင်းအတိုင်း ပြည်သူကို လိမ်ညာအုပ်ချုပ်ရန်အတွက် ခွေးကျင့်ခွေးကြံ ကြံစည်ထားသည်မှာ လုံးဝကျိန်းသေသည်။

ကျွန်ုပ်တို့ မြန်မာပြည်သူတို့သည် မြန်မာစစ်တပ်၏ ခွေးကျင့်ခွေးကြံ လှည့်စားမူ့ကို ပထမအကြိမ် ၁၉၆၂တွင် ၂၆နှစ်လည်းကောင်းI ဒုတိယအကြိမ် ၁၉၈၈တွင်လည်း ၂၇နှစ်လည်းကောင်းI ခံခဲ့ရပြီးဖြစ်သည်။
ယခု့တတိယအကြိမ် ၂၀၂၁တွင် ဘယ်နှစ်နှစ် ဆက်၍ ခံချင်သေးသနည်းဆိုသည်ကို ကျွန်ုပ်တို့ကိုယ်တိုင် ရွေးချယ်ရပေတော့မည်။

မြန်မာစစ်တပ်သည် ဖက်ဆစ်ဂျပန်ဆီမှ သန္ဓေတည်ပေါက်ဖွားလာသောကြောင့် တိုင်းပြည်နှင့် လူထု့အပေါ်၌ ဖက်ဆစ်ဂျပန်ထက်ပင် ရိုင်းစိုင်းရက်စက်စွာ ပြု့ကျင့်သည့်ကို မြို့ရော နယ်ရော တောအနှံ့ တောင်အနှံ့ တတိုင်းပြည်လုံး တပြေးညီစွာ ခံစားနေကြရသည်။

ထို့ကြောင့် တိုင်းပြည်အတွက်လည်းကောင်းI အနာဂါတ်မျိုးဆက်များအတွက်လည်းကောင်းI လက်နက်အားကိုးကာ အနိုင်ကျင့်စော်ကား လူဝါးဝသည့် ထိုမြန်မာ့ဖက်ဆစ် စစ်တပ်ကို ဤတတိယအကြိမ်၌ အမြှစ်ကစ၍ တိုက်ထုတ်ဖယ်ရှားပစ်ရမည်ဖြစ်သည်။

ထို့အတွက် ပြည်သူအပေါင်းတို့
အားမွေးထားကြလော့I
ဓါးသွေးထားကြလော့I
သပြေပန်းပါ စိုက်ထားကြလော့I
တိုက်ပွဲခေါ်သံ လာပါတော့မည်။

အရေးတော်ပုံ အောင်ရမည်။
ချစ်ကိုကြီး

Be the first to comment

Leave a Reply

Your email address will not be published.


*