ဒီပဲယင်းနယ်ကို စစ်ကောင်စီ၀င်မွှေနေတဲ့အတွက် ဒေသခံတောင်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

ဒီပဲယင်းနယ်ကို စစ်ကောင်စီ၀င်မွှေနေတဲ့အတွက် ဒေသခံတောင်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

မျက်မှောက်ခေတ်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ၀ငျရောကျမှှနှေောကျနတောကွောင့ျ ဒေသခံတောင်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီကနေ့ ဩဂုတ်လ(၂၃)ရက် မနက်အစောပိုင်းက ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာကို စစ်ကောင်စီတပ်သားအများအပြား ၀ငျရောကျလာတဲ့အတှကျ ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

“စစ်ပြေးတွေ လိုက်ရှာတယ်လို့ကြားတယ်ဗျ။ (၅) ရက်လောက်ရှိပြီ ဒီပဲယင်းနယ်ထဲကို၀င်မွှေနေတာက”လို့ ဒီပဲယင်းဒေသခံတစ်ယောက်က ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ထဲက မဲအိုး၊ လက်ယက်ကုန်း၊ ညောင်လှ၊ ဝဲကြီး၊ မူးရိုးကုန်း၊ တည်တော စတဲ့ကျေးရွာ (၁၀) ရွာ၀န်းကျင်က ဒေသခံတောင်သူတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

လက်ရှိအချိန်ဟာ မိုးစပါးစိုက်ပျိုးရာသီဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေရဲ့ ၀ငျရောကျမှှနှေောကျမှုကွောင့ျ လယ်ယာလုပ်ငန်းခွင်ကိုပစ်ထားခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ CJ
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် ၏ မိတ်ဖက်သတင်းဌာနတစ်ခုဖြစ်သည်။)

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*