နိုင်ငံတည်ဆောက်သူ စစ်သားတစ်ဦးဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ရည်ညွှန်း ပြောဆို

နိုင်ငံတည်ဆောက်သူ စစ်သားတစ်ဦးဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ရည်ညွှန်း ပြောဆို

 

ရန်ကုန်၊ ဩဂုတ် ၂၉

 

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းသည် နိုင်ငံတည်ဆောက်သူ စစ်သားတစ်ဦးဖြစ်ကြောင်း သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုလိုက်သည်။

 

ရုရှားနိုင်ငံထုတ် Politic Magazine နှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

 

မင်းအောင်လှိုင်က ၎င်းသည် စစ်သားတစ်ဦးဖြစ်ပြီး နိုင်ငံရေး အလုပ်ထက် နိုင်ငံတည်ဆောက်သူ အလုပ်ကို သာ စိတ်ဝင်စားကြောင်း သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုသည်။

 

“ကျနော်ရဲ့ ပုဂ္ဂလိက ခံစားချက်က ကျနော်သည် စစ်သားတစ်ယောက်ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ဖြစ်ပေါ်ပြီးခဲ့တဲ့ အချိန်ကာလနဲ့ အခြေအနေတွေအရ နိုင်ငံရေးအလုပ်၊ နိုင်ငံရေးသမား ဆိုတာထက် နိုင်ငံရဲ့ တည်ဆောက်ရေးအလုပ်၊ နိုင်ငံပြုသမား အလုပ်ကို လုပ်ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံရေး သမား ဆိုတာထက် နိုင်ငံတည်ဆောက်သူ အလုပ်ကိုပဲ ပိုပြီးစိတ်ဝင်စားပါတယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။

 

မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို လူထုအစိုးရထံမှ မတရားသိမ်းယူခဲ့ပြီး ၇ လအတွင်း ပြည်သူပေါင်း ၁၀၀၀ ကျော်ကို ဥပဒေမဲ့ သတ်ဖြတ်ခဲ့ကာ ပြည်သူထောင်ပေါင်းများစွာကို အကျဉ်းချ ဖိနှိပ် သတ်ဖြတ် မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ပြည်တွင်းပြည်ပ အခြေစိုက် အဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုထားသည်။

 

စစ်အာဏာသိမ်းမှု ၇ လအတွင်း မြန်မာနိုင်ငံသည် ကိုဗစ်ရောဂါကူးစက်မှု မထိန်းနိုင်ဘဲ လူသေဆုံးမှု အမြင့်ဆုံးမြင့်တက်ခဲ့ခြင်း အပါအဝင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ၊ နိုင်ငံရေး စသည့် ကဏ္ဍပေါင်းစုံတွင် ဆိုးဝါး ကျဆင်းနေပြီး အငတ်ဘေး ပြဿနာရင်ဆိုင်နေရခြင်း၊ စီးပွားရေး ဆုတ်ယုတ် ကျဆင်းနေခြင်း များအပါအဝင် ပြဿနာများစွာ ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက သတိပေးထားသည်။

 

Photo – RSF / Agencies

Be the first to comment

Leave a Reply

Your email address will not be published.


*