ပဲခူးမြို့တွင် ယမန်နေ့ညကပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်‌ကောင်စီတပ်က ရပ်ကွက်အတွင်း ရှာဖွေဖမ်းဆီး 

ပဲခူးမြို့တွင် ယမန်နေ့ညကပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်‌ကောင်စီတပ်က ရပ်ကွက်အတွင်းရှာဖွေဖမ်းဆီး

 

Mizzima

 

ပဲခူးမြို့တွင် ယမန်နေ့ ည၉နာရီခွဲဝန်းကျင်အချိန်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး‌နောက် စစ်ကောင်စီတပ်က ရပ်ကွက်အတွင်း ဝင်ရောက်ရှာဖွေကာ မြို့ခံတချို့ ကို ဖမ်းဆီးသွားသည်။

 

ကိုယ့်မင်းကိုယ့်ချင်းလမ်းမှ ရဲရိပ်သာအနီး၊ လိပ်ပြာကန်နှင့် နာရီစင် အနီးဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သံ ၁၀ ချက်ကျော် ကြားခဲ့ရကြောင်း ဒေသခံများကပြောသည်။

 

“ညက ပစ်တာဆက်တိုက်ပဲ။ ဒရုန်းတွေ့လို့ဆိုပြီး ဒရုန်းကိုလိုက်ပစ်တာလို့တော့ ကြားတယ်။ သေနတ်အသံက မတူဘူး။ ကျနော်တို့က အပြင်ထွက်ကြည့်လို့မရဘူးလေ။ ခေါင်းထွက်ကြည့်တာနဲ့ သေနတ်နဲ့ချိန်ပြီး အိမ်ထဲပြန်ဝင်ခိုင်းတာ”ဟု လိပ်ပြာကန်အနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။

 

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်ဆီးဆုံးရှုံးမှုကို မဇ္ဇျိမမှ စုံစမ်းနေဆဲဖြစ်သည်။

 

အဆိုပါပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆိုရှယ်လစ်ရပ်ကွက်၊ အင်းဝင်ရပ်ကွက်၊မှော်ကန်ရပ်ကွက်၊ဆံတော်တွင်းရပ်ကွက်၊ကြည်တော်ကုန်းရပ်ကွက်၊နန်းတော်ရာရပ်ကွက်နှင့်ကျောက်ကြီးစုရပ်ကွက်များသို့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး အမျိုးသားငါးဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

 

ပဲခူးမြို့တွင် သြဂုတ်လအတွင်း ပြည်သူများကိုနေ့စဉ်နီးပါး အကြမ်းဖက်စစ်တပ်က ဖမ်းဆီးနေကြောင်းသိရသည်။

 

ဓာတ်ပုံ- ဖေဖော်ဝါရီလအတွင်းက ပဲခူး စီးပွားရေးဘဏ်အရှေ့ ဆန္ဒပြလူထုကို စစ်ကောင်စီတပ်က တားဆီးနေစဉ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*