ပြည်ထောင်စုရှေ့နေချူပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် နစကကောင်စီက ဩဂုတ်လ ၃၀ရက်နေ့က ပြင်ဆင်ဖွဲ့စည်းခဲ့တာနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချူပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းချက်။

ပြည်ထောင်စုရှေ့နေချူပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် နစကကောင်စီက ဩဂုတ်လ ၃၀ရက်နေ့က ပြင်ဆင်ဖွဲ့စည်းခဲ့တာနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချူပ်ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းချက်။

 

“ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်က ဥက္ကဌတစ်ဦး အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့အဖြစ်ရပ်တည်ခဲ့ပါတယ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ်မှာသူကတော့ ဗဟိုအာဏာပိုင်အဖွဲ့အစည်း လေးရပ်မှာတစ်ရပ်အပါအဝင်ဖြစ်ခဲ့တာပေါ့နော်၊ ၁၉၈၈ ခုနှစ် န.ဝ.တ ခေတ်မှာတော့ ရှေ့နေချူပ်ရုံးလိုပြောင်းလဲခေါ်ဝေါ်ပြီး တရားရုံးချူပ်နဲ့အဆင့်တူရပ်တည်ခဲ့တာပေါ့၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဏ္ဍိုင် သုံးရပ်ထဲမှာတစ်ရပ်အပါအဝင်ဖြစ်တဲ့လွတ်လပ်တဲ့တရားစီရင်ရေးမဏ္ဍိုင်ဖော်ဆောင်ဖို့တရားရုံးချူပ်ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်လို့ပြောင်းလဲခေါ်ဝေါ်ပြီးတော့သူကသီးသန့်ရပ်တည်ပါတယ်၊ဒါပေမယ့် တရားရုံးချုပ်နဲ့တန်းတူရပ်တည်ပြီးတော့ တရားစီရင်ရေးမဏ္ဍိုင်ကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စားအပြန်အလှန်ထိန်းကြောင်းမှုပြုနေတဲ့ ပြည်ထောင်စုရှေ့နေချုပ်ကိုတော့ အဖွဲ့အစည်းပုံစံအားဖြင့် ရုံးအဖြစ်ပဲပြည်ထောင်စုအစို့ရအဖွဲ့မှာ ဆက်လက်ရပ်တည်နေတာပေါ့နော်၊ သူရဲ့လုပ်ငန်းတာဝန်ကတော့ပြည်ထောင်စုတရားသူကြီးချုပ်ဦးဆောင်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို လက်ရှိပြည်ထောင်စုရှေ့နေချူပ်ရုံးက ရုံးအသွင်နဲ့ပဲ သူကပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စားအပြန်အလှန်ထိန်းကြောင်းတာပေါ့ ၊ အပြန်အလှန်ထိန်းကြောင်းပေးခြင့် ချက်အင်ဘဲလင့်လုပ်ရတာပေါ့”ဟုဗိုလ်ချူပ်ဇော်မင်းထွန်းကပြောပါတယ်။

 

“အဲ့ဒီလိုလုပ်ရတဲ့အတွက် အဆင့်တူဖြစ်အောင်ပြောင်းလဲလိုက်တာပေါ့နော်၊နောက်တစ်ခုက ပြည်ထောင်စုရှေ့နေချုပ်ရုံးက လက်ရှိမှာတော့ တရားစွဲနဲ့အမှုလိုက်တဲ့လုပ်ငန်းတွေသာမကဘဲ လုပ်နေရတာကတော့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ဥပဒေမူကြမ်းတွေကိုစိစစ်ရတယ်၊စီးပွားရေးစာချုပ်တွေနဲ့ နိုင်ငံတကာ စာချုပ်တွေကို စိစစ်ပြီး ဥပဒေအကြံပြုတာတွေလုပ်ရပါတယ်၊ အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊အိမ်စောင့်အစိုးရလက်ထက် ၁၉.၆.၂၀၂၁ ရက်နေ့အမိန့်ကြော်ညာစာ ၁၈၉/၂၀၂၁ အရလည်း ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှာအစိုးရကိုယ်စား တရားမျှတမှုရှိအောင်ဆောင်ရွက်ရာမှဝန်ကြီးဌာနတွေစိန်ခေါ်မှုတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရပါတယ်၊ အဲ့ဒါကြောင့် အမည်ပြောင်းလဲရခြင်းဖြစ်ပါကြောင်း”ဗိုလ်ချူပ်ဇော်မင်းထွန်းကပြောပါတယ်။

 

“နောက်တစ်ခုကတော့နိုင်ငံတကာနဲ့အာဆီယံနိုင်ငံများရဲ့ဥပဒေဝန်ကြီးများအစည်းအဝေးဆိုတာရှိပါတယ်။(KLAWMM)ဆိုတာမှာ အဲဒီမှာပြည်ထောင်စုရှေ့နေချုပ်ကဥပဒေရေးရာဝန်ကြီးအဖြစ်၄င်း၊အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်းအဝေး(ASEAN Senior Law Official Meeting-ASLOM) တို့တွင် ပြည်ထောင်စုရှေ့နေချူပ်ရုံးမှ ညွှန်ကြားရေးမှူးချူပ်တို့က မြန်မာနိုင်ငံကိုယ်စားပြု၍လည်းကောင်း တက်ရောက်ရပါတယ်၊ ဒါကြောင့်နိုင်ငံတကာမှာရော၊ပြည်တွင်းမှာရော ချက်အင်ဘဲလ်လင့်ပေါ့ ပိုအားကောင်းလာပြီး ပြည်သူလူထုအတွက်ဥပဒေနဲ့ပတ်သက်ပြီးအထောက်အကူပြုနိုင်အောင်နိုင်ငံတကာမှာလည်း နိုင်ငံတကာအဆင့်နဲ့ညီအောင် အမည်ပြောင်းလဲလိုက်ခြင်းဖြစ်ပါကြောင်း”ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

 

“အဲလိုအမည်ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း အရာထမ်း၊အမှုထမ်းအင်အားတို့၊ ဖွဲ့စည်းပုံတို့၊ လုပ်ငန်းတာဝန်တို့၊ ဘတ်ဂျက်ကိစ္စတွေကတော့ ယခင်အတိုင်းမပြောင်းလဲပါဘူး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ပြောင်းလဲလိုက်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေရလဲဆိုတော့ ပြည်သူလူထုကို ဥပဒေက်ိစ္စရပ်နဲ့ပတ်သက်ပြီး အကာအကွယ်ပေးတာတွေ၊တရားမျှတမှုတွေမှာပိုပြီးတော့ ဖော်ဆောင်လာနိုင်မှာဖြစ်ပါတယ်၊ပြီးရင်ရုံးအဆင့်မှာလည်း ဝန်ကြီးဌာနဖြစ်တဲ့အတွက်အခြားဝန်ကြီးဌာနတွေနဲ့ပေါင်းစပ်ညှိနှိုင်းမှုတွေပိုဖြစ်လာမယ်၊ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား တရားစီရင်ကဏ္ဍကို အပြန်အလှန်ထိန်းကြောင်းနိုင်မှာဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကိုပိုမိုပေါ်လွင်စေမှာဖြစ်ပါကြောင်း”ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

 

KT(VOM)

 

voiceofmyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*