ဖခင်ကိုယ်စား ဖမ်းဆီးထောင်ချခံထားရသည့် ဇနီးနှင့်သမီးအား အိုးဘိုထောင်ပို့

ဖခင်ကိုယ်စား ဖမ်းဆီးထောင်ချခံထားရသည့် ဇနီးနှင့်သမီးအား အိုးဘိုထောင်ပို့

ဩဂုတ် ၁၉၊ The Nation Voice

မန္တလေးတိုင်း၊မိုးကုတ်မြို့မှ သပိတ်ခေါင်းဆောင် ဦးစိုးဌေးကို ဖမ်းမမိ၍ ၎င်း၏ကိုယ်စားဖမ်းဆီးခံထားရသည့် ၎င်း၏ ဇနီး ဒေါ်ကြည်ကြည်ခိုင်နှင့် သမီး မသိမ့်စန္ဒီစိုးတို့အား လွန်ခဲဲ့သည့်နှစ်ရက်၀န်းကျင်က မန္တလေးအိုးဘိုထောင်သို့ ပြောင်းရွေ့ခဲ့ကြောင်း ဦးစိုး‌ဌေးကပြောသည်။

ယင်းအကြောင်းအရာအပြင် အခြားမည်သည့် သတင်းအချက်အလက်ကိုမျှ သိခွင့်မရရှိခဲ့ကြောင်း ဦးစိုးဌေးက The Nation Voice သို့ ပြောသည်။

“သူတို့နဲ့ ပတ်သက်ပြီး မိသားစုက ဘာတစ်ခုမှကိုမသိရတာ၊အစားအသောက်လည်း ပ်ို့ပေးလို့မရဘူး။ ခုအိုးဘို​ထောင်ကို ပို့တာလည်း ဒီနေ့မှသိရတယ်”ဟု ဦးစိုးဌေးက ဆိုသည်။

ဖမ်းဆီးခံထားရသည့် မသိမ့်စန္ဒီစိုးသည် ဖမ်းဆီးခံရစဉ် အချုပ်တွင်း၌ COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး သွေးလေးဘက်နာ ရောဂါအခံရှိသူဖြစ်သည်။ သူသည် လွန်ခဲ့သည့်ရက်ပိုင်းက ပြန်လည်ကျန်းမာလာ‌သည်ဟု သတင်းအချို့ကြားသိရကြောင်း ဦးစိုးဌေးက‌ပြောသည်။

သပိတ်ခေါင်းဆောင်ဦးစိုးဌေး၏ ဇနီးနှင့်သမီးတို့အား ဇူလိုင် ၁၃ရက်တွင် စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့သည်။

၎င်းတို့အား မိုးကုတ်မြို့ ရဲအချုပ်၌ သြဂုတ် ၁၇ရက်အထိ ဖမ်းဆီးထားခဲ့ပြီးနောက် မန္တလေးအိုးဘိုထောင်သို့ ပို့ဆောင်လိုက်‌ခြင်းဖြစ်သည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*