ဖမ်းထားခံရတဲ့ NLD အစိုးရရဲ့ ဝန်ကြီးတွေနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တို့ ကျန်းမာရေး အခြေအနေ

ဖမ်းထားခံရတဲ့ NLD အစိုးရရဲ့ ဝန်ကြီးတွေနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တို့ ကျန်းမာရေး အခြေအနေ

 

ဩဂုတ် ၂၇-၂၀၂၁

UT (VOM)

 

ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ နစက ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ ဩစတေးလျ နိုင်ငံသား ပညာရှင် ရှောင်တာနယ်၊ အသက်အရွယ်ကြီးရင့်ပြီးအရင်အစိုးရလက်ထက်က အသက် ၈၃ နှစ်အရွယ်ရှိတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်းဦးစိုးဝင်းနဲ့ မန္တလေးတိုင်းဝန်ကြီးချူပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်တို့ရဲ့ကျန်းမာရေးအခြေအနေကိုသိချင်ပါကြောင်း၊ သူတို့ကိုတခြားနိုင်ကျဉ်းတွေနဲ့ မတူဘဲ သီးသန့်ထားတာလား သူတို့ရဲ့ကျန်းမာရေးကိစ္စဘယ်လိုစီစဥ်ထားပါသလဲဆိုတာ သိချင်ပါကြောင်း သတင်းထောက်တစ်ဦးရဲ့မေးမြန်းခဲ့ပါတယ်။

 

ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချူပ်ဇော်မင်းထွန်းဖြေတာက

“ကျွန်တော်သိသလောက်က ဒေါက်တာဇော်မြင့်မောင်အနေနဲ့ ယခင်ကတည်းက ဖြစ်ပေါ်နေတဲ့ရောဂါရှိနေပါတယ်၊ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောနိုင်တာက သက်ဆိုင်ရာအကျဥ်းထောင်ဆေးရုံမှာရှိပါတယ်၊ ပါရဂူများနဲ့တွေ့ဆုံခွင့်ဆရာဝန်များနဲ့တွေ့ဆုံခွင့်ကုသခွင့်ပြုထားပြီးဖြစ်ပါတယ်၊ ရောဂါအခြေအနေကတော့ သိပ်အကောင်းကြီးတော့မဟုတ်ပါဘူး၊ ဩစတေးလျ နိုင်ငံသားရှောင်တာနယ်ရဲ့ကျန်းမာရေးကတော့ကောင်းပါတယ်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်းဦးစိုးဝင်းရဲ့ကျန်းမာရေးအခြေကတော့ ကျွန်တော်မသိပါဘူး” လို့

ပြန်လည် ဖြေကြားခဲ့ပါတယ်။

 

 

VOM

Be the first to comment

Leave a Reply

Your email address will not be published.


*