ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံတပ်များ တိုက်ပွဲဖြစ် 

ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ဒေသခံတပ်များ တိုက်ပွဲဖြစ်

 

Sep 1.2021

 

ကရင်နီပြည်နယ် (ကယားပြည်နယ်)၊ ဖယ်ခုံမြို့ ခေါင်းအိကျေးရွာအနီးသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( (KNDF)ပူးပေါင်းတပ်တို့ ၂နာရီကျော်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာ ၁ ရက် ညနေ ၃နာရီဝန်းကျင်မှ ၅နာရီဝန်းကျင်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ဝင်နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( (KNDF)က ဆိုသည်။

 

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဖယ်ခုံမြို့နယ်၊ ကုန်းဆုံရွာရှိ အရဟံဘုရားတောင်ဘက်မှ စစ်ကြောင်းတစ်ကြောင်းနှင့် ရွှေပြည်အေးကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် ခေါင်းအိကျေးရွာဘက်သို့ ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ရကြောင်း သိရသည်။

 

လက်ရှိတွင်ဖယ်ခုံမြို့၌ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပျူစောထီး အကြမ်းဖက် အဖွဲ့များက ပြည်သူများကို ချိန်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

ကရင်နီပြည်နယ်ရှိ လွိုင်ကော်၊ ဖယ်ခုံ၊ လွိုင်လင်လေးနှင့် ဘောလခဲ စသည့် မြို့နယ်များသို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပူးပေါင်းသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အသွင်ပြောင်းဌာနေပြည်သူ့စစ် (PNO/PNA )တို့က ဒေသခံ ကာကွယ်ရေးတပ်များနှင့် နေ့စဉ်ဆိုသလိုတိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

 

 

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*