ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကရင်နီအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်များ လွိုင်ကော်မှတဆင့် စစ်ကူများသွားနေ၊ ယမန်နေ့ကလည်း ၁၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကရင်နီအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်များ လွိုင်ကော်မှတဆင့် စစ်ကူများသွားနေ၊ ယမန်နေ့ကလည်း ၁၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့

ရန်ကုန်၊ သြဂုတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းနှင့် ဖယ်ခုံမြို့ကြားတွင် သြဂုတ်လ ၁၅ ရက် ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် ကရင်နီကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကူ စစ်ကား ၁၃ စီးဖြင့် လွိုင်ကော်မြို့မှ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

လွိုင်ကော်ကနေ စစ်သားအပြည့် ကား ၁၃ စီး၊ ကားအလွတ် ၇ စီး ထွက်ခွာသွားပြီး နံနက် ၈ နာရီခန့်တွင် မိုးဗြဲကိုဖြတ်ကာ ဖယ်ခုံသို့ ဦးတည်သွားနေကြောင်း PKPF ထံမှ သိရသည်။

အဆိုပါ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်ကြား၊ ပင်ပုံကျေးရွာနှင့် လွယ်ဟွဲကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား သြဂုတ်လ ၁၄ ရက် ယမန်နေ့ နံနက် ၇ နာရီမှ ည ၆ နာရီခန့်ထိ ၁၁ နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ အကျအဆုံးများကာ အောင်ပန်းမှ စစ်ကူများ ထပ်ခေါ်ခဲ့ရသည်ဟု PDF ဖယ်ခုံမှ သတင်းထုတ်ပြန်သည်။

ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ဖယ်ခုံ-PDF၊ မိုးဗြဲ-PDF၊ ဒီးမော့ဆို-PDF၊ KNDF၊ ကရင်နီတပ်မတော်အဖွဲ့များ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်များနှင့်အတူ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့များ ပါဝင်တိုက်ခိုက်သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ မှ ထုတ်ပြန်ထားပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲအနီးဝန်းကျင် လွယ်ဟွဲကျေးရွာရှိ အမျိုးသမီးနှင့် ကလေးသူငယ်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း Free Burma Rangers ကရင်နီ အဖွဲ့ထံမှ သိရသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*