ဖလမ်းမြို့နယ်တွင် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီမှ ၄၀ ခန့်သေဆုံးဟု CNDF ထုတ်ပြန်

ဖလမ်းမြို့နယ်တွင် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီမှ ၄၀ ခန့်သေဆုံးဟု CNDF ထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၁၈

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးလမ်းမပေါ်တွင် သြဂုတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF, CDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်ကောင်စီမှ ၂၀ ဦးခန့် သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF မှ ယနေ့ ထုတ်ပြန်သည်။

ယင်းတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဝေဟင်ထောက်လှမ်းရေးယာဉ် အသေးစား ဒရုန်း တစ်စင်းအား ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လအတွင်း CNDF နှင့် ဖြစ်ပွားသောတိုက်ပွဲများတွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ ၁၉ ဦး သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ချင်းပြည်နယ်တောင်ပိုင်းတွင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက် CDF များမှ ခုခံတိုက်ခိုက်လျှက်ရှိသလို ချင်းပြည်နယ်မြောက်ပိုင်းတွင် CNDF၊ ဖလမ်း၊ ဟားခါး၊ ထန်တလန် CDF တပ်ဖွဲ့များမှ ခုခံတိုက်ခိုက်နေကြသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*