ဖေ့စ်ဘုတ် ပရိုဖိုင်ပုံမှာ NUG စာတမ်း နောက်ခံအသုံးပြုထားတဲ့ ဗိုလ်မှူး ကတော်တစ်ယောက် ၅၀၅ – က နဲ့ အမှုဖွင့်

ဖေ့စ်ဘုတ် ပရိုဖိုင်ပုံမှာ NUG စာတမ်း နောက်ခံအသုံးပြုထားတဲ့ ဗိုလ်မှူး ကတော်တစ်ယောက် ၅၀၅ – က နဲ့ အမှုဖွင့်

 

သြဂုတ် ၊ ၂၆၊ ၂၀၂၁

ရွှေဘုန်းမြတ်စံ (VOM)

 

စစ်ကိုင်းတိုင်း မုံရွာမြို့ ရန်ကင်းရပ်ကွက် ၊ ကျောက္ကာလမ်းမှာရှိတဲ့ ဖက်ရှင်စတိုးဆိုင်ပိုင်ရှင် ဗိုလ်မှူး ကတော်တစ်ယောက်ဟာ သူအသုံးပြုနေတဲ့ အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘုတ် ပရိုဖိုင်ပုံမှာ NUG စာတမ်းနောက်ခံ အသုံးပြုဖော်ပြထားတဲ့အတွက် တပ်မတော် အရာရှိ တစ်ဦးက တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်တန်း လိုက်တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

” အမှုဖွင့်ခံရတဲ့သူက ဖက်ရှင်စတိုးဆိုင် ပိုင်ရှင် တစ်ယောက်ဖြစ်သလို ဗိုလ်မှူး ကတော် တစ်ဦးလဲဖြစ်တယ် ၊ သူအသုံးပြုနေတဲ့ facebook Account က ပရိုဖိုင်မှာ NUG စာတမ်းနောက်ခံ ထည့်ပြီး သူ့မိသားစု ပုံတင်ထားတာကြောင့် မုံရွာ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ခံထားရတာ ဖြစ်တယ် ” လို့ ရဲစခန်းနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ် ။

 

အဲ့ဒီ အမှုကိစ္စနဲ့ ပတ်သက်လို့ မုံရွာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ရဲစခန်း တာဝန်ကျ ရဲအရာရှိက တစ်စုံတရာ ပြန်ကြားပြောဆိုတာ မရှိခဲ့ပေမယ့် ရဲအသိုင်းအဝိုင်းဆီက ကြားသိခဲ့ရတာက

 

” အမှုကိုတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က တပ်မတော် အရာရှိ တစ်ဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့တဲ့အတွက် မုံရွာမြို့မရဲစခန်းက (ပ) ၂၁၀ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ – က အရ အမှုလက်ခံ ဖွင့်ထားတာ” လို့ ဖြစ်ပါတယ်။

 

Voiceofmyanmar vom

Be the first to comment

Leave a Reply

Your email address will not be published.


*