ဘန့်ဘွေးတိုးလ်ဂိတ် မိုင်းခွဲခံရပြီး မီးလောင်

ဘန့်ဘွေးတိုးလ်ဂိတ် မိုင်းခွဲခံရပြီး မီးလောင်

သြဂုတ် ၊ ၂၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-ကလေးဝကားလမ်း မိုင်တိုင်အမှတ် ၅ / ၀ နေရာမှာရှိတဲ့ ဒေသအခေါ် ဘန့်ဘွေးတိုးလ်ဂိတ်ကို ဒီမနက် အစောပိုင်းက ဗုံးခွဲခံရပြီး တိုးလ်ဂိတ် မီးလောင်ပျက်စီးကာ လူ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီဂိတ်အနီးက ကွေ့ချောင်းရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” ညက ၁၂ နာရီ ဝန်းကျင်လောက်မှာ လူအယောက် ၂ ရာလောက်က ဂိတ်ကိုရောက်လာပြီး ဂိတ်အဆောက်အဦးတွေကို မိုင်းခွဲတယ် ၊ ရုံးအဆောက်အဦး ၊ ဝန်ထမ်းအိမ်ယာ ၊ ၁၂ ဘီးကား ၁ စီး ၊ Vigo ကား ၁ စီး နဲ့ မြည်းကောင်ရေ ၂၀၀ ကျောက်ခွဲစက် ၁ လုံး မီးလောင်ပျက်စီးခဲ့တယ် ” လို့ အဲ့ဒီ တိုးလ်ဂိတ်နဲ့ နီးစပ်သူ တစ်ယောက်က VOM ကိုပြောပါတယ် ။

ဒါ့အပြင် အဲ့ဒီ တိုးလ်ဂိတ်ရဲ့တာဝန်ခံမန်နေဂျာ ကိုလတ်လတ်အောင် အသက် ၄၅ နှစ်ဆိုသူကို လက်သဲခွံခွာတာ၊ ခြေတောက် နဲ့ လက်အစုံကို ဓားနဲ့ မွှမ်းသွားတဲ့အတွက် မုံရွာပြည်သူ့ဆေးရုံ အရေးပေါ်လူနာဌာနမှာ ဆေးကုသခံနေရတယ်လို့ သိရပါတယ်။

အဲ့ဒီ တိုးလ်ဂိတ်ဟာ မုံရွာအုပ်စုကုမ္မဏီက BOT စနစ်နဲ့ တည်ဆောက်လုပ်ကိုင်နေတဲ့ တိုးလ်ဂိတ်တစ်ခုဖြစ်ပါတယ်။

Voiceofmyanmar VOM

Be the first to comment

Leave a Reply

Your email address will not be published.


*