ဘုရင့်နောင်တံတားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး ဒဏ်ရာရသည်အထိ ပစ်ခတ်ခံရပြီးနောက် ရန်ကုန်နေရာအနှံ့အပြား ပိုက်စိတ်တိုက်စစ်ဆေးနေ

ဘုရင့်နောင်တံတားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး ဒဏ်ရာရသည်အထိ ပစ်ခတ်ခံရ ပြီးနောက် ရန်ကုန်နေရာအနှံ့အပြား ပိုက်စိတ်တိုက်စစ်ဆေးနေ

ရန်ကုန်၊ ဩဂုတ် ၂၂

ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားတွင် စစ်ကောင်စီတပ်သားတချို့ ယနေ့ နံနက် ၈ နာရီ ဝန်းကျင် ပစ်ခတ်ခံရပြီး ၁ ဦး ပွဲချင်းပြီး​သေဆုံးကာ ဒဏ်ရာရရှိမှုများဖြစ်ပွားပြီးနောက် ရန်ကုန်မြို့ နေရာအနှံ့အပြားကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

“အင်းစိန် ကြို့ကုန်းဘက်မှာလည်း အရမ်းစစ်တယ်။ လှည်းတန်းဘက်မှာလည်း စစ်တယ်။ TAXI တွေ အဓိကထား စစ်တယ်လို့ ပြောတယ်” ဟု ရန်ကုန် TAXI သမားတစ်ဦးက ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်း နှင့် နိဗ္ဗာန်လမ်း အလယ် ၊ အထက်ကြည့်မြင်တိုင်လမ်းမပေါ်တွင် ကားများကို ပိုက်စိတ်တိုက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ဘုရင့်နောင်တံတားတွင် လုံခြုံရေး အစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများဘက်မှ ပြန်လည် ပစ်ခတ်သံများ ကြားရကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားရောက်ရှိနေပြီး ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

လှိုင်သာယာ၊ ကြည့်မြင်တိုင်နှင့် ကမ်းနားဘက်လမ်းတွင်လည်း စစ်ကားများ လှည့်လည်နေပြီး ရဲစခန်းများ၊ စာသင်ကျောင်းများတွင် သဲအိတ်များချထား၍ တပ်စွဲမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- လှည်းတန်း စံရိပ်ငြိမ် မှတ်တိုင်အနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေးနေစဉ်။

Photo – CJ
Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*