မင်းတပ်မြို့တွင်ကော်မတီဖွဲ့ပြီးဆန်ရောင်းချပေးနေသော်လည်း အများစုမှာ ၀ယ်ယူ၍မရကြ

မင်းတပ်မြို့တွင်ကော်မတီဖွဲ့ပြီးဆန်ရောင်းချပေးနေသော်လည်း အများစုမှာ ၀ယ်ယူ၍မရကြ

မင်းတပ် ဩဂုတ် ၂၀

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ဩဂုတ်လ ၂၀ ရက်မှစတင်ပြီး မြို့မဈေးရှေ့တွင်ဆန်တစ်အိတ် သုံးသောင်းဖြင့်ရောင်းချပေးမည်ဟုဆိုသော်လည်း အများစုမှာ၀ယ်ယူခွင့်ရရှိရန် အခက်အခဲရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ထွေအုပ်ရုံးတွင်သိုလှောင်ထားသော ကိုဗစ်ကာလအတွက်လှူဒါန်းထားသည့်ဆန်များအား မြို့ခံမြို့မိမြို့ဖများ၏တောင်းဆိုမှုများကြောင့် ကော်မတီဖွဲ့ကာရောင်းချပေးခြင်းဖြစ်သည်ဟုလည်းသိရသည်။

”ဒီနေ့မြို့မဈေးရှေ့မှာ ဆန်တစ်အိမ်ကို ၃သောင်းနဲ့ရောင်းချပေးမယ်ဆိုတော့ လာဝယ်တာ ဒီလည်းရောက်ရော နှစ်အိမ်ထောင်တစ်အိတ်ဖြစ်ပြန်တယ် လူတွေများလာတော့ ၅အိမ်ထောင်တစ်အိတ်ဖြစ်သွားပြန်တယ်။ ဒီနေ့ကလည်း ပထမအသုတ်အနေနဲ့ အိတ်ရေ ၅၀ ပဲရောင်းချပေးမှာဆိုတော့လူတွေအများကြီးလည်းရှိနေတော့ပြန်လာလိုက်ရတယ်လို့”ဆန်သွားဝယ်သူတစ်ဦးကပြောသည်။

သည့်အပြင် ဘဝသစ်ရပ်ကွက်ထဲတွင် ဆန်တစ်အိတ် သုံးသောင်းခွဲဖြင့်လိုချင်သူများကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီးလူဦးရေကန့်သတ်ချက် ဖြင့်သာစာရင်းကောက်ခံနေသည်ဟုလည်းသိရသည်။

စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့နှစ်ဖက်တိုက်ပွဲများကြောင့် မင်းတပ်မြို့တွင် ဆန် နှင့်စက်သုံးဆီများပြတ်လပ်မှုကြုံတွေ့နေရပြီး ပစ္စည်းသယ်ယူခွင့်များကိုလည်း စစ်ကောင်စီတပ်များမှတင်းကြပ်စွာဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*