မင်းတပ် CDFကို စစ်ကောင်စီမှ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေ၊ စစ်ကောင်စီမှ တပ်ကြပ် ၁ ဦးနှင့် ရဲ ၂ဦး CDM ဝင်လာ၊

မင်းတပ် CDF ကို စစ်ကောင်စီမှ စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်နေ၊ စစ်ကောင်စီမှ တပ်ကြပ် ၁ ဦးနှင့် ရဲ ၂ ဦး CDM ဝင်လာ၊ ဒရုန်းတစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့။

ရန်ကုန်၊ သြဂုတ် ၁၃

ချင်းပြည်နယ်၊ မင်းတပ် CDF အားတိုက်ခိုက်ရန် အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်း ၂ ကြောင်းဖြင့် သြဂုတ်လ ၁၃ ရက် ယနေ့တွင် ထိုးစစ်ဆင်လာကြောင်းနှင့် တပ်ကြပ် ၁ ဦး၊ ရဲ ၂ ဦး CDM ဝင်လာကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီက မင်းတပ်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတယ်၊ လောလောဆယ် ကျနော်တို့ကတော့ အခြေအနေစောင့်ကြည့်နေတုန်းပဲ၊ နောက်ပြီး ဒီနေ့ တပ်ကြပ် ၁ ဦး၊ ရဲ ၂ ဦး ကျနော်တို့ဆီ CDM ဝင်လာတယ်၊ အခုလို CDM ဝင်လာကြတဲ့အပေါ် မင်းတပ် CDF မှ အထူးကြိုဆိုပါတယ်” ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

သြဂုတ်လ ၁၁ ရက် ညပိုင်းကလည်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဗီဒီယိုရိုက်ကူးပြီး လိုက်လံထောက်လှမ်းနေသော အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်းယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ထန်တလန် CDF ထံမှ သတင်းရရှိသည်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*