မန္တလေးမှာ PDF အဖွဲ့ဝင် ၂၀ကျော်ကို လက်နက်ခဲယမ်းနဲ့ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

မန္တလေးမှာ PDF အဖွဲ့ဝင် ၂၀ကျော်ကို လက်နက်ခဲယမ်းနဲ့ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

မန္တလေးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင် ၂၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးမိတယ်ဆိုပြီး စစ်ကောင်စီဘက်က သြဂုတ်လ ၂၁ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲက ပြင်စာကျေးရွာအနီးမှာ PDF အဖွဲ့ဝင်တွေကို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေဆီ သင်တန်းစေလွှတ်နေသူ အမျိုးသား ၂ ဦးကို ဇူလိုင်လကုန်ပိုင်းမှာ ဖမ်းမိရာကနေ အခု PDF အဖွဲ့ဝင်တွေကို ဆက်စပ်ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

ကနဦးဖမ်းမိခဲ့သူအမျိုးသား ၂ ဦးထဲက ၁ ဦးက သူဟာ ကချင်လွတ်လပ်ရေးတပ် (KIA)နယ်မြေထဲမှာဖွင့်တဲ့ ဖောက်ခွဲရေးသင်တန်းအတွက် လူငယ်တွေကို စေလွှတ်နေသူဆိုပြီးထွက်ဆိုတဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အချို့ဟာ ပုသိမ်ကြီးမြို့နယ်ထဲက ရဲ ၂ ဦး ပစ်ခတ်ခံရမှု၊ အနီးစခန်းရဲကင်းနဲ့ တပ်မတော်နည်းပညာတက္ကသိုလ်အနီး လက်လုပ်မိုင်းနဲ့ ဖောက်ခွဲမှုတွေမှာ ပူးပေါင်းဆောင်ရွက်တာနဲ့ ပါဝင်တာတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။

အဖမ်းခံရသူတွေထဲက တစ်ဦးဖြစ်သူ ဇော်နိုးဆိုသူအမျိုးသားဟာ KIA အဖွဲ့ရဲ့ စေခိုင်းမှုနဲ့ အစိုးရအဆောက်အအုံတွေနဲ့ လူစည်ကားနဲ့နေရာတွေကို ဖောက်ခွဲဖျက်ဆီးဖို့ စီစဉ်နေတယ်ဆိုပြီး ထွက်ဆိုထားတယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး KIA ဆီက မှတ်ချက်တစ်စုံတစ်ရာရဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။

ဓာတ်ပုံ – မဟာအောင်မြေမြို့နယ်မှာ ဖမ်းမိတယ်ဆိုတဲ့လက်နက်နဲ့ကျည်တွေ

Source BBC

Be the first to comment

Leave a Reply

Your email address will not be published.


*