မိုးကုတ်မြို့တွင် မြေပြိုကျမှုကြောင့် ပိတ်မိနေသူ ၆ ဦးကို ကယ်ထုတ်နိုင်သော်လည်း ၁ ဦးပျောက်ဆုံးနေ

မိုးကုတ်မြို့တွင် မြေပြိုကျမှုကြောင့် ပိတ်မိနေသူ ၆ ဦးကို ကယ်ထုတ်နိုင်သော်လည်း ၁ ဦးပျောက်ဆုံးနေ

ဩဂုတ် ၁၃ ၊ The Nation Voice

မိုးကုတ်မြို့တွင် ယနေ့ ဩဂုတ် ၁၃ရက် နံနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်ကာ လူ ခုနှစ်ဦးပိတ်မိခဲ့သည့်အနက် ခြောက်ဦးကို ကယ်နိုင်ခဲ့ပြီး တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုးကုတ်မြို့ရှိ မြို့လယ်ရပ်ကွက်၊ မင်းတံတားရပ်ကွက်၊ စည်ပင်သာယာ ရပ်ကွက်၊ ရွှေဘုံသာရပ်ကွက် အစရှိသည့် ရပ်ကွက်များတွင်လည်း ချောင်းရေတက်မှုကို ကြုံနေရကြောင်း သိရသည် ။

” လက်ရှိအချိန်ထိ ကယ်နေတုန်းပဲ။ ဘယ်ရပ်ကွက်တွေ ထိခိုက်တယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ နေ့လယ်ပိုင်းလောက်ဆိုရင်တော့ အတည်ပြုနိုင်ပြီ ” ဟုဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မြတ်စေတနာ လူမှုကူညီရေးအသင်းနှင့် မိုးကုတ်မြို့နယ် လူမှုကူညီရေးအသင်းတို့က လူနာတင်ယာဉ်များဖြင့် လူနာများအား မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၂ ရက် ကလည်း မိုးကုတ်မြို့ အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်တွင် ရေကြီးမြေပြိုမှုကြောင့် ငါးနှစ်အရွယ် ကလေး အပါအဝင် မိသားစုသုံးဦး သေဆုံးခဲ့ရသည်။

ထို့ပြင် ဩဂုတ် ၁၁ ရက် ညကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင့် တောင်ကျရေနှင့် ချောင်းရေ ကြီးကာ နေရာအများအပြားတွင် ရေလျှံမှုနှင့်မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လမ်းပိတ်မှုများလည်း ရှိခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*