မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေ တရားစွဲဆိုဖို့ ICC လက်ခံ

ကဲနောက်တစ်ဆင့်အနေနဲ့NUGရဲ့ထိုးနှက်ချက်ကတော့

မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေ တရားစွဲဆိုဖို့ ICC လက်ခံ

 

သြဂုတ်လ ၂၂ရက်

 

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အပေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က တရားစွဲဆိုဖို့ သဘောတူလက်ခံကြောင်း တရားဝင်အကြောင်းကြားစာကို ရရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ယမန်နေ့ဩဂုတ်လ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။

 

မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသုတ်သင်ရာရောက်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး၊ နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ ပုဒ်မ ၁၂ (၃ ) နဲ့ တရားစွဲဆိုခံထားရတာပါ။

 

စွဲဆိုချက်ဟာ ဇူလိုင်လ ၁၇ ရက်နေ့က တရားရုံးမှတ်ပုံတင်ဌာနဆီ ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း NUG က ပြောပါတယ်။ စစ်တပ်ရဲ့ လတ်တလောကျူးလွန်မှုတွေကို ဖော်ထုတ်ဖို့သာမက အရင်က ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကိုပါ ICC တရားရုံးကို တင်ပြမှာ ဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။

 

#File Photo: AFP

#Source#RFA

#bagowatchnews

Be the first to comment

Leave a Reply

Your email address will not be published.


*