မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်တော့မည်ဖြစ်၍ ပူပေါင်းပါဝင်ကြရန်

မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်တော့မည်ဖြစ်၍ ပူပေါင်းပါဝင်ကြရန်

 

ဝေါ PDF တိုက်တွန်း

ရန်ကုန်၊ သြဂုတ်၂၇

 

မကြာမီကာလအတွင်း မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်တော့မည်ဖြစ်၍ မြို့သိမ်းတိုက်ပွဲ များအတွက် တိုက်ပွဲဝင်မည့် ကိုယ့်မြို့နယ်မှ အချိတ်အဆက်မမိသေးသော လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း မဟာမိတ်ဖွဲ့ လက်တွဲဆောင်ရွက်ရန် ဝေါမြို့နယ် PDF က တိုက်တွန်းထားသည်။

 

လုံခြုံရေးတာဝန်ယူထားသော စစ်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ၊ အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုပါက မိမိတို့(PDF)အဖွဲ့များနှင့် လာရောက်ပူးပေါင်းပေးပါရန် ဖိတ်ခေါ်ကြောင်းလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 

ဝေါ PDFအဖွဲ့က စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် ပြည်သူများအပေါ် တရားဥပဒေစိုးမိုးရေးအတွက် NUGအစိုးရ၊ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) များ၊ တိုင်း/ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ အနီးပတ်ဝန်းကျင်မြို့နယ်များရှိ PDF အဖွဲ့များနှင့်လည်းချိတ်ဆက် ထားကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားပါက ပြည်သူများ၏ လုံခြုံရေးကို PDF တပ်ဖွဲ့ဝင်များက တာဝန်ယူဆောင်ရွက်ပေးသွားမှာဖြစ်၍ အချိန်တိုအတွင်း မြို့သိမ်းတိုက်ပွဲပြီးဆုံးနိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီ၏ လှုပ်ရှားမှု သတင်းများကို PDF တပ်ဖွဲ့များထံသို့ အချိန်မီသတင်းပေးပို့ရန်လည်း မေတ္တာ ရပ်ခံထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*