မြောက်ကိုရီးယားရဲ့ အဓိကနျူကလီးယားစက်ရုံ ပြန်လည်လည်ပတ်နေ

မြောက်ကိုရီးယားရဲ့ အဓိကနျူကလီးယားစက်ရုံ ပြန်လည်လည်ပတ်နေ

 

ဗီယင်နာ၊ သြဂုတ်-၃၀-၂၀၂၁

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားရဲ့ ယွန်ဗြောင်းနျူကလီးယားစက်ရုံဟာ ပြန်လည်လည်ပတ်နေဖွယ်ရှိတယ်လို့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

 

အဲ့ဒီနျူကလီးယားစက်ရုံရဲ့ ရှုပ်ထွေးသောလုပ်ငန်းစဉ်တစ်ရပ်မှာ နျူကလီးယားလက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယူရေနီယမ်ထုတ်လုပ်နေတယ်လို့ ယူဆရပါတယ်။

 

နျူကလီးယားအရေးနဲ့ပတ်သက်ပြီး အိုင်အေအီးအေ ကျွမ်းကျင်သူအဖွဲ့ကို ၂၀၀၉ ခုနှစ်မှာ မြောက်ကိုရီးယားက နိုင်ငံတွင်းကနေ နှင်ထုတ်ခဲ့ပါတယ်။

 

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယားလှုပ်ရှားမှုတွေကို အကဲဖြတ်ဖို့ အိုင်အေအီးအေဟာ ဂြိုဟ်တုပုံရိပ်တွေကို မှီခိုအသုံးပြုနေပါတယ်။

 

၅ မဂ္ဂ၀ပ်ဓါတ်ပေါင်းဖိုနဲ့ အတူ ယွန်ဗြောင်းနျူကလီးယားစက်ရုံဟာ မြောက်ကိုရီးယားနျူကလီးယားလုပ်ငန်းစဉ်ရဲ့ အဓိကအချက်အခြာနေရာတစ်ခုဖြစ်ပါတယ်။

 

ဒါဟာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ စင်ကာပူမှာ တွေ့ဆုံးပြီးနောက် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလနောက်ပိုင်း အဲဒီစက်ရုံပထမဆုံးလည်ပတ်တဲ့ အရိပ်လက္ခဏာဖြစ်တယ်လို့ အိုင်အေအီးအေက ထုတ်ပြန်ထားပါတယ်။

 

Ref : BBC

Photo: Reuters

#voiceofmyanmar #vom #ဗီယင်နာ

Be the first to comment

Leave a Reply

Your email address will not be published.


*