ရခိုင်တွင် လူပေါင်း ၂ သိန်းကျော်ကို COVID -19 ကာကွယ်ဆေးထိုးနှံပြီးစီးဟုဆို

ရခိုင်တွင် လူပေါင်း ၂ သိန်းကျော်ကို COVID -19 ကာကွယ်ဆေးထိုးနှံပြီးစီးဟုဆို

မဇ္ဈိမ
Aug 21.2021

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံ့ခွင့်ရှိသူများအနက် လူပေါင်း နှစ်သိန်းကျော်ကို COVID – 19 ကာကွယ်ဆေး ထိုးနှံပြီးစီးပြီ ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က မဇ္ဈိမကို ပြောသည်။

ယင်းအရေအတွက်သည် အိန္ဒိယနိုင်ငံထုတ် COVID – 19
ကာကွယ်ဆေး (COVIDSHIELD)နှင့် တရုတ်နိုင်ငံထုတ် COVID – 19 ကာကွယ်ဆေး အမျိုးအစား နှစ်မျိုးပေါင်း ထိုးနှံပြီးစီးသည့် အရေအတွက်ဖြစ်သည်။

အိန္ဒိယနိုင်ငံထုတ်COVID – 19 ကာကွယ်ဆေးကို ထိုးနှံပြီးသူ ဦးရေ ၁၂၀,၀၀၀ ကျော်နှင့် တရုတ်နိုင်ငံထုတ် COVID – 19 ကာကွယ်ဆေးကို ထိုးနှံပြီးသူ ဦးရေ ၉၅,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“အိန္ဒိယ ကာကွယ်ဆေးကို ကျွန်တော်တို့ လေးလပိုင်း၊ ငါးလပိုင်းနဲ့ ခြောက်လပိုင်းမှာထိုးတာ၊ တရုတ်ကာကွယ်ဆေးက အခုဒီ ခုနှစ်လပိုင်းနဲ့ ရှစ်လပိုင်းမှာ ထိုးထားတာ နှစ်ကြိမ်ထိုးပြီးသားပါ” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

COVID- 19 ကာကွယ်ဆေးရရှိမည့် အရေအတွက်ပေါ်မူတည်ပြီး COVID – 19ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူအားလုံးကို ထိုးပေးသွားရန် စီစဉ်ထားကြောင်းလည်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက ပြောသည်။

ရခိုင်ပြည်နယ်တွင် COVID – 19 တတိယလှိုင်းအတွင်း ဩဂုတ် ၂၀ ရက်ထိ ပိုးကူးစက်ခံရသူပေါင်း ၃,၇၆၃ ဦးရှိပြီး သေဆုံးသူ ၃၆၀ ဦးနှင့် ဆေးရုံက ဆင်းခွင့်ရသူ ၄၁၂ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း Stay at Home (မိမိနေအိမ်အတွင်း နေထိုင်ရေး) ကာလကို ဩဂုတ် ၁၉ ရက်မှ ဩဂုတ် ၂၅ ရက်အထိ နောက်ထပ် တစ်ပတ် သက်တမ်းတိုးမြှင့် သတ်မှတ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ကြေညာထားသည်။

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*