ရန်ကုန်က လက်ကားဈေးဝယ်စင်တာ METRO Wholesale Myanmar လုပ်ငန်းများ ရပ်ဆိုင်းတော့မည်

ရန်ကုန်က လက်ကားဈေးဝယ်စင်တာ METRO Wholesale Myanmar လုပ်ငန်းများ ရပ်ဆိုင်းတော့မည်

 

Sep 1.2021

 

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် လက်ကားဈေးဝယ်စင်တာ METRO Wholesale Myanmar ၏ လုပ်ငန်းများကို ယခုနှစ် အောက်တိုဘာလကုန်တွင် ရပ်ဆိုင်းသွားမည်ဟု METRO Wholesale Myanmar က ထုတ်ပြန် ကြေညာလိုက်သည်။

 

ဂျာမန်လက်ကားကုမ္ပဏီတစ်ခုဖြစ်သည့် Matro သည် ကုမ္ပဏီ ဝန်ထမ်းများအား အကူးအပြောင်းကာလအတွင်း အပြည့်အဝ ပံ့ပိုးသွားမည်ဟူ၍လည်း ယနေ့ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကျင့်ဝတ်နှင့်အညီ လုပ်ငန်းဆောင်ရွက်နေကြသည့် နိုင်ငံတကာရင်းနှီးမြုပ်နှံမှု စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတွင် စစ်‌ကောင်စီမှ အာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံရှိ လုပ်ငန်းများကို ရပ်ဆိုင်းလာကြခြင်းဖြစ်နေသည်။

 

METRO Wholesale Myanmar သည် စားသောက်ကုန်ပစ္စည်းများအား ဝယ်ယူရရှိနိုင်သည့် နာမည်ရ နေရာတစ်ခုဖြစ်ပြီး ယခုကဲ့သို့ လုပ်ငန်းရပ်ဆိုင်းလိုက်ခြင်းသည် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ထိခိုက်နစ်နာမည့် အခြေအနေ ဖြစ်သည်ဟု အလုပ်အကိုင်ရှာဖွေရေး ကျွမ်းကျင်သူ တချို့က မှတ်ချက်ပြုထားသည်။

 

METRO Wholesale Myanmar သည် မြန်မာနိုင်ငံသို့ ၂၀၁၇ခုနှစ်က ဝင်ရောက် ရင်းနှီးမြုပ်နှံခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန်တွင် သိုလှောင်ရုံတည်ဆောက်ထားသည်။

 

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*