ရန်ကုန်နှင့်နယ်ဒေသများတွင် စစ်ကောင်စီက ပြည်သူများကို ဥပဒေမဲ့ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက် လုပ်ဆောင်နေ

ရန်ကုန်နှင့်နယ်ဒေသများတွင် စစ်ကောင်စီက ပြည်သူများကို ဥပဒေမဲ့ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက် လုပ်ဆောင်နေ

 

ရန်ကုန်၊ ဩဂုတ် ၂၅

 

ရန်ကုန်နှင့်နယ်ဒေသများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက လူငယ်များနှင့်ပြည်သူကို ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

 

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ သာကေတမြို့နယ် ၊ ၇အရှေ့ရပ်ကွက် အောင်သပြေ အနောက် ၄ လမ်းတွင်နေထိုင်သော ရူပဗေဒကျူရှင်ဆရာ ဦးစိုးပိုင် (ခ)ဦးကျော်ခိုင်ဝင်းသည် ဩဂုတ်လ ၂၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးပြီး တစ်ရက်အကြာမှာ သြဂုတ်လ၂၃ရက်နေ့ ညဦးပိုင်းတွင် သေဆုံးသွားကြောင်း ဒေသခံများနှင့် မိဘဆွေမျိုးများထံမှ စုံစမ်းသိရှိရသည်။

 

အလားတူ ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး, သဃ်န်းမြို့နယ်(ဇဝန )စံပယ်ဖြူကွန်ဒိုကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းဖမ်းဆီးရာ လူငယ် ၁ဦးတိုက်ပေါ်မှ ခုန်ချသဖြင့် အရေးပေါ်ကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

 

“ခုန်ချတဲ့ လူငယ်ကတော့ သေသွားတယ်လို့လည်း ပြောတယ်။ ဘယ်နှစ်ဦး အဖမ်းခံရလဲ မသိသေးဘူး” ဟု သင်္ဃန်းကျွန်းဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

 

ယင်းအပြင် ဩဂုတ်လ ၂၂ ရက်နေ့ တောင်ဥက္ကလာပမြို့နယ် ထွေ/အုပ်ရုံးဗုံးပေါက်ကွဲပြီးနောက် မောင်စန်းဝင်းအောင်ဆိုသော လူငယ်တစ်ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး ယခုအခါ အလွန်အမင်း ညှဉ်းပန်း နှိပ်စက်ခံထားရကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ အခြေအနေဆိုးဝါးနေကြောင်း သိရှိရသည်။

 

အလားတူ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးရွာသို့ အကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်လာပြီး ရွာထဲသို့ သေနတ် ၁၀ ချက်ကျော်ပစ်ခတ်ကာ လူငယ် ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

 

ဓာတ်ပုံ- ဩဂုတ်လ ၂၄ ရက်နေ့ ညပိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ကွန်ဒိုတစ်ခုကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်း ဖမ်းဆီးနေစဉ်။

Be the first to comment

Leave a Reply

Your email address will not be published.


*