ရန်ကုန်သီလဝါစက်မှုဇုန်အတွင်းတွင် ပေါက်ကွဲမှုဖြစ်၊ ထိခိုက်သူမရှိသော်လည်း ပိတ်ဆို့ စစ်ဆေးမှုများ လုပ်နေ

ရန်ကုန်သီလဝါစက်မှုဇုန်အတွင်းတွင် ပေါက်ကွဲမှုဖြစ်၊ ထိခိုက်သူမရှိသော်လည်း ပိတ်ဆို့ စစ်ဆေးမှုများ လုပ်နေ

ရန်ကုန်၊ ဩဂုတ် ၂၂

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါစက်မှုဇုန်တွင် ဩဂုတ်၂၂ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သူမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

သီလဝါစက်မှုဇုန်၊ ဖွံ့ဖြိုးရေးလမ်းနှင့် ခြောက်လမ်းသွား လမ်းဆုံရေမြောင်းဘေးတွင်ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ထိခိုက်သူမရှိကြောင်း သိရှိရသည်။

“လက်ရှိတော့ မြို့ထဲဘက်အခြမ်းနဲ့ သံလျင်တံတားဘက်အခြမ်းမှာ ပိတ်ဆို့ပြီး စစ်နေတယ်။ စက်ဘီးတွေက အစစစ်နေတာ” ဟု သန်လျင်ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- သီလဝါစက်မှုဇုန် အဝင်အ၀ (ပုံအဟောင်း အသုံးပြုထားသည်။)
Photo- GNLM

တစ်ခြားသတင်း
မြို့သစ်မြို့နယ်မှ စစ်ကောင်စီခန့်​ကျေးရွာ အုပ်ချုပ်ရေးမှူထွန်းထွန်း သေနတ်နဲ့ပစ်ခံရ

ရန်ကုန်၊ သြဂုတ် ၂၂

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းကျေးရွာက စစ်ကောင်စီကခန့်ထားတဲ့ အုမ်ချုပ်ရေးမှူးဦးထွန်းထွန်း ကို သြဂုတ်လ ၂၂ ရက်​​​နေ့ ဒီကနေ့မနက် ၉ နာရီကျော်လောက်က သေနတ်နဲ့ပစ်ခံရတယ်လို့ သိရပါတယ်။

”စစ်ကောင်စီခန့်ဒလန်အုပ်ချုပ်ရေးမှုးဦးထွန်းထွန်းဟာ တပ်မတော်ထောက်ခံပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကိုသတင်းပေးနေတဲ့ ဒလန်အကြီးစားဖြစ်လို့ အခုလိုလုပ်လိုက်တာဖြစ်တယ်။ ဒလန်ကောင်တွေမသေချင်ရင် သတိထားနေတော့လို့ ထပ်ပြီးသတိပေးချင်တယ်” လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ် က ပြောပါတယ်။

မြို့သစ်မြို့နယ်၊ ဗိဿနိုးနယ်မြေကာကွယ်ရေးတပ်မတော်ကတော့ အဆိုပါဖြစ်စဉ်ကို ဗိဿနိုးကာကွယ်ရေးတပ်မတော်ကပြုလုပ်ခဲ့တာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။

Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*