ရန်ကုန်၊ တောင်ဒဂုံမြို့နယ် ၅၇ရပ်ကွက် ယာယီအုပ်ချုပ်​ရေးမှူး ရာအိမ်မှူး ဦးဉာဏ်ထွန်း ပစ်သတ်ခံရ၍ သေဆုံး

ရန်ကုန်၊တောင်ဒဂုံမြို့နယ် ၅၇ ရပ်ကွက် ယာယီအုပ်ချုပ်​ရေးမှူး ရာအိမ်မှူး ဦးဉာဏ်ထွန်း ပစ်သတ်ခံရ၍ သေဆုံး

ရန်ကုန်၊ သြဂုတ် ၁၇

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၅၇ ရက်ကွက်မှ ယာယီအုပ်ချုပ်​ရေးမှူး၊ ရာအိမ်မှူး ဦးဉာဏ်ထွန်းသည် ရုံးအတွင်းရှိနေစဉ် သြဂုတ်လ ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် အမည်မသိသေနတ်သမား ၂ ဦးက ​သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

” ၅၇ရပ်ကွက်၊ နောင်ရိုးလမ်းထိပ်က ရုံးထဲမှာ ရှိနေတဲ့အချိန် ရုံးဘေးပြတင်းပေါက်မှ သေနတ်ဖြင့် ၃ ချက် ပစ်သွားတယ်၊ ခေါင်း ၁ ချက်မှန်တယ်၊ ကိုယ် ၁ ချက်မှန်တယ်၊ ပွဲချင်းပြီးပဲ” ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

စစ်ကောင်စီ ခန့်အပ် ရာအိမ်မှူး ဦးညဏ်ထွန်း သည် ကြံ့ဖွတ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၅၇ ရပ်ကွက် အုပ် ချုပ်ရေးမှူး တာဝန်ကို ယာယီယူထားသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အနီးပတ်ဝန်းကျင်တွင်စုံစမ်းစစ်ဆေးနေခဲ့ပြီး လက်ရှိအချိန်တွင် နောင်ရိုးလမ်းထိပ်တွင် အခြေအနေစောင့်ကြည့်နေကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။

ဓါတ်ပုံ – ဦးဉာဏ်ထွန်းပစ်သတ်ခံခဲ့ရသည့် ၅၇ ရပ်ကွက်ရုံး
Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*