ရန်ကုန် နံနက်ခင်းက ပေါက်ကွဲမှုများနှင့် စတင် မဇ္ဈိမ

ရန်ကုန် နံနက်ခင်းက ပေါက်ကွဲမှုများနှင့် စတင်

 

မဇ္ဈိမ

 

ရန်ကုန်မြို့၏ အနည်းဆုံးနေရာ ရှစ်ခုတွင် ဗုံးပေါက်ကွဲမှုကဲ့သို့သော ပေါက်ကွဲမှုများ ယနေ့နံနက်စောစောတွင် ဖြစ်ပေါ်ခဲ့သည်။

 

မဇ္ဈိမက စုံစမ်းသိရှိရသလောက် နံနက် ၅ နာရီဝန်းကျင်က လှည်းတန်းမီးပွိုင့်၊ စမ်းချောင်းစီးတီးမတ်အနီးက လျှပ်စစ်မီတာရုံး၊ အင်းစိန်မြို့နယ်က နေရာလေးခု၊ တောင်ဥက္ကလာနှင့် မြောက်ဥက္ကလာတို့တွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း သိရှိရသည်။

 

အင်းစိန်မြို့နယ်တွင် ပေါက်တောဝမီးပွိုင့်၊ အင်းစိန်ဂျပန်လမ်း၊ အင်းစိန်ရထားဘူတာအနီး နှင့် အင်းစိန် BOC မီးပွိုင့်က မော်တော်ပီကယ်ရုံးများတွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း သတင်းအရင်းမြစ်က မဇ္ဈိမကိုပြောသည်။

 

တောင်ဥက္ကလာမြို့နယ်က ပါရမီညောင်ပင် မီးပွိုင့်နားမှာလည်း ယနေ့ နံနက် ၆နာရီခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

 

ညောင်ပင်မီးပွိုင့်အနီးက Innocity အနီးတွင် ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိုနေရာတွင် စစ်ကောင်စီ တပ်သားများက ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မျက်မြင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

 

ထိခိုက်ဒဏ်ရာရသူရှိမရှိ နှင့် အသေးစိတ်ကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*