ရေစကြိုမြို့နယ် ထွေအုပ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်နှင့်ရဲစခန်းတို့ကို ရေစကြို PDF က ဗုံးခွဲတိုက်ခိုက်

ရေစကြိုမြို့နယ် ထွေအုပ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်နှင့်ရဲစခန်းတို့ကို ရေစကြို PDF က ဗုံးခွဲတိုက်ခိုက်

ရန်ကုန်၊ သြဂုတ် ၁၉

မ​ကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ထွေအုပ်ရုံးဝင်းအတွင်းမှာရှိတဲ့ စုပေါင်းရုံးအတွင်းမှာ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ဗုံး​ပေါက်ကွဲမှု​ကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနိုင်ပြီး ရဲနဲ့စစ်သားအင်အားအများအပြားက လက်ရှိတွင် လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

People Defense Force Yesagyo ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မူ ယနေ့ သြဂုတ် ၁၉ ရက်နေ့ နံနက်ပိုင်း ရေစကြိုမြို့နယ် ထွေ/အုပ်ရုံး ၊ မြန်မာ့စီးပွားဘဏ် ရုံးပေါင်းစုဝင်း နှင့် ပခန်းကြီးနယ်မြေရဲစခန်းတို့ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

Credit – Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*