ရဲဝန်ထမ်းမိသားစု၀င်များ အွန်လိုင်းမှ ဈေးမဝယ်ရန်လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြား 

ရဲဝန်ထမ်းမိသားစု၀င်များ အွန်လိုင်း မှဈေးမဝယ်ရန်လျှို့ဝှက်ညွှန်ကြားစာ ပေါက်ကြား

ဝေယံမိုး – မဇ္ဈိမ

ရဲတပ်ဖွဲ့မိသားစုဝင်များအား အွန်လိုင်းမှ ပစ္စည်းမှာယူထားသည်ဟုဆိုကာ အိမ်လိပ်စာမေးပြီး လာရောက် ပစ်ခတ်သတ်ဖြတ်မှုများရှိ‌ေနသည့်အတွက် အွန်လိုင်းမှ ဈေးဝယ်ခြင်းမပြုရန် ဩဂုတ်၂၀ ရက်စွဲဖြင့်ထုတ်ပြန်သည့် လျှို့ဝှက်စာပေါက်ကြားလာခဲ့သည်။

ဒဂုံမြို့သစ်မြို့နယ်၊ (၉၀) ရပ်ကွက် အမှတ်(၉၃/က) တွင်နေထိုင်သည့် ဗိုလ်ကြီးအောင်မိုး၏ ယောက္ခမဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဒေါ်သီတာမောင်မောင်အား ပစ္စည်းလာပို့သူဟန်ဆောင်ကာ နေအိမ်ရှေ့တွင် သတ်ဖြတ်သွားမှု ဩဂုတ် ၁၉ ရက်တွင်ဖြစ်ပွားပြီးနောက် ထိုသို့စာထုတ်ခြင်းဖြစ်သည်။

ဒေါ်သီတာမောင်မောင်သည် အဆောင်ငှားသည့်လုပ်ငန်း လုပ်ကိုင်‌နေသူတစ်ဦးဖြစ်ပြီး အမှတ်(၈၈)၊ ခြေမြန်တပ်မဌာနချုပ် ဆက်သွယ်ရေးတပ်ခွဲမှ ဗိုလ်ကြီးအောင်မိုး၏ ယောက္ခမဖြစ်သည်။

“အဆိုပါဖြစ်စဉ်မျိုး မိမိတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များတွင်မဖြစ်ပွားစေရေး Online Shop မှပစ္စည်းမှာယူခြင်းမရှိဘဲ၊ Delivery သမားများမှ လာရောက်ပို့ဆောင်လိုကြောင်း ဖုန်းဖြင့် ဆက်သွယ်လာပါက မိမိအိမ်လိပ်စာပေးခြင်း နေအိမ်ရှေ့ထွက်ယူခြင်း၊ ချိမ်းဆိုသောနေရာသို့ သွားရောက်ယူဆောင်ခြင်း လုံးဝမပြုလုပ်စေရေး” ဟူသည့် လိုက်နာရမည့်အချက်များကို ရဲမှူးချုပ်ဇော်ထွန်းအောင်လက်မှတ်ဖြင့်ထုတ်ပြန်ထားသည်။

==

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.

*