ရွှေစျေးနူန်း မကြာခင်မှာပြန်ကျမယ်လို့ ရွှေလုပ်ငန်းရှင်တွေ ခန့်မှန်း

ရွှေစျေးနူန်း မကြာခင်မှာပြန်ကျမယ်လို့ ရွှေလုပ်ငန်းရှင်တွေ ခန့်မှန်း

 

သြဂုတ် ၂၉-၂၀၂၁

CKC(VOM)

 

မြန်မာ့ ရွှေစျေးနူန်း မကြာခင်မှာပြန်လည်ကျသွားနိုင်မယ့်အခြေအနေရှိတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ကနေ သိရပါတယ်။

 

နောက်ပြီး ရွှေလုပ်ငန်းရှင်တွေအနေနဲ့လည်း ရွှေစျေးနူန်းတည်ငြိမ်စေဖို့အတွက် ရွေအရောင်းအဝယ်လုပ်တဲ့အခါမှာ ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်ဖို့၊ အော်ဒါနဲ့ရွှေအဝယ်တွေကို ရွှေမရှိဘဲ လက်မခံဖို့ကိုလည်း မနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ YGEA အလုပ်မှုဆောင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

“ရွှေစျေးကပြန်ကျသွားမှာပါခင်ဗျ။ အစောက ဘဏ်က နိုင်ငံခြားကုန်သွယ်မှုဘဏ်က ပိတ်ထားတာကိုး ၊ ပိတ်ထားတော့ နိုင်ငံခြားကို ကုန်ရောင်းထားတဲ့ ဒေါ်လာတွေကပြန်မဝင်ဘဲနဲ့ အပြင်မှာရပ်နေတာပေါ့။ဒါပေမယ့် ဒီတစ်ပတ်ထဲမှာ ကျနော်တို့ နိုင်ငံခြားကုန်သွယ်မှုဘဏ်ပြန်ဖွင့်တယ်။နိုင်ငံခြားငွေပြန်ဝင်လာမယ်။ပြန်ဝင်လာရင် ဆေးပစ္စည်းသွင်းတို့ဘာတို့ ဒေါ်လာလိုတဲ့ဟာတွေက စျေးပြန်ကျသွားမှာပေါ့။ စျေးပြန်ကျရင် ဒေါ်လာစျေးပြန်ကျမယ်။ ဒေါ်လာစျေးပြန်ကျသွားရင် ရွှေစျေးလည်းပြန်ကျသွားမှာပေါ့” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။

 

မြန်မာ့ရွှေစျေးဟာ ကမ္ဘာ့ရွှေစျေးတက်ခြင်း ကျခြင်းအပေါ်မူတည်သလို ပြည်တွင်းကဒေါ်လာစျေးတက်ရင်လည်း အနည်းငယ်ဈေးတက်ပြီး ဒေါ်လာစျေးပြန်ကျတဲ့အခါမှာလည်း ချက်ခြင်းပြန်ကျတာကြောင့် ပုံသေ ချုပ်ကိုင်လို့မရဘူးလို့လည်း ပြောပါတယ်။

 

ဒါပေမယ့် လက်ရှိကတော့ အကျဘက်ကို သွားနေတယ်လို့လည်း ပြောပါတယ်။

 

မနေ့ ဩဂုတ်လ (၂၈) ရက်နေ့၊ နေ့လယ် ၂ နာရီ ၂၅ မိနစ်မှာ YGEA ကထုတ်ပြန်တဲ့ ရွှေစျေးနူန်းကတော့ အကယ်ဒမီ မီးလင်းရွှေအပိတ်စျေးက 1,680,000(တစ်ဆယ့် ခြောက်သိန်း ရှစ်သောင်း) ၊ကမ္ဘာ့ရွှေစျေး (World Gold Price)၊ 1 Ounce- 1817 USD ရှိတယ်လို့သိရပါတယ်။

 

Photo-YGEA

VOM

Be the first to comment

Leave a Reply

Your email address will not be published.


*