ရှမ်းပြည်မြောက်ပိုင်း မူဆည်မြို့နယ် ဖိုင်ကောင်ရွာအနီးတွင် စစ်ကောင်စီတပ်သားဟု ယူဆရသည့် အလောင်း ၁၇လောင်း တွေ့ရှိ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆည်မြို့နယ်၊ ဖိုင်ကောင်ရွာအနီးတွင် စစ်ကောင်စီတပ်သားဟု ယူဆရသည့် အလောင်း ၁၇ လောင်း တွေ့ရှိ

 

ရန်ကုန်၊ သြဂုတ် ၃၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆည်မြို့နယ်၊ ကြူကုတ်-ပန်ဆိုင်း၊ ဖိုင်ကောင်ရွာအနီးတွင် စစ်ကောင်စီတပ်သားဟု ယူဆရသည့် အလောင်း ၁၇ လောင်းအား သြဂုတ်လ ၃၀ ရက်တွင် တွေ့ရှိကြောင်း ဒေသခံရွာသားထံမှ သိရသည်။

 

စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်သား အလောင်းများသည် မည်သည့်တိုက်ပွဲမှ ကျဆုံးသည့် စစ်ကောင်စီ အလောင်းဖြစ်သည်ကို မသိရှိကြောင်းနှင့် ဒေသခံရွာသားများအား သတ်ဖြတ်ပြီး စစ်ကောင်စီယူနီဖောင်း ဝတ်ပေးထားသလား မသိရှိရသေးကြောင်း ဒေသခံများမှ ဆိုသည်။

 

စစ်ကောင်စီယူနီဖောင်းဝတ် အလောင်း ၁၇ လောင်းအနီး ကားတစ်စီးပေါ်တွင် ပန်ဆိုင်းမြို့ ရပ်ကွက် ၄ မှ သားအမိနှစ်ဦး ပစ်သတ်ခံထားရသည့် အလောင်းများတွေ့ရှိကြောင်း ဒေသသတင်းရင်းမြစ်များမှ ဖော်ပြသည်။

 

ဖိုင်ကောင်ကျေးရွာအနီးရှိ လမ်းဆုံသည် အနောက်ဘက်သို့သွားလျှင် ကြူကုတ်-ပန်ဆိုင်းသို့ရောက်ပြီး တာင်ဘက်သို့သွားလျှင် ရစ်ခူးကျေးရွာသို့ ရောက်မည်ဖြစ်သည်။

 

အဆိုပါ ကြူကုတ်-ပန်ဆိုင်း၊ မုံးကိုးမြို့နယ်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီမှ တပ်ရင်းမှူး၊ အရာရှိများအပါအဝင် တပ်သားအများအပြားကျဆုံးကျောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*