ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး

ရှမ်း-ကယားနယ်စပ်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီမှ အကျအဆုံးများကာ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိကြောင်း KNDF ထုတ်ပြန်

 

ရန်ကုန်၊ သြဂုတ် ၂၈

 

ရှမ်း-ကယားနယ်စပ် လွိုင်လင်လေးမြို့နယ်၊ တီးလုံအုပ်စု၊ ကွန်နားကျေးရွာနှင့် ဒေါတ‌‌‌ဟေးကျေးရွာအနီးတွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီများကို ကရင်နီတပ်မတော် KA နှင့် KNDF တို့မှ ခုခံတိုက်ခိုက်ခဲ့သဖြင့် သြဂုတ်လ ၂၈ ရက် တစ်ရက်အတွင်း တိုက်ပွဲ (၄)ကြိမ်ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်းနှင့် စစ်ကောင်စီဘက်မှ အကျအဆုံးများပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

 

အဆိုပါတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးတစ်ဦးကျဆုံးကြောင်းနှင့် ၉မမ ပစ္စတိုတလက်သိမ်းဆည်းရမိကြောင်းလည်း ကရင်နီတပ်မတော်မှ ယနေ့နေ့လယ်က သတင်းထုတ်ပြန်ထားသည်။

 

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ကွန်နားကျေးရွာရှိ နေအိမ် ၁၀ လုံးခန့် လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး အနီးအနားရှိ ကျေးရွာ ၇ ရွာမှ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*