လသာရဲစခန်းရှေ့တွင် ဗုံးထုတ်ပစ်ချခဲ့သည့် ယာဉ်အား စစ်ကောင်စီတပ်က သေနတ်ဖြင့် လိုက်လံပစ်ခတ်

လသာရဲစခန်းရှေ့တွင် ဗုံးထုတ်ပစ်ချခဲ့သည့် ယာဉ်အား စစ်ကောင်စီတပ်က သေနတ်ဖြင့် လိုက်လံပစ်ခတ်

Aug 20.2021

လသာရဲစခန်းအ ဗုံးထုတ်ဖြင့် ပစ်ပေါက်ခဲ့သည့် ယာဥ်တစ်စီးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း ယင်းမြို့နယ်တွင် နေထိုင်သူအချို့၏ သတင်းပေးပို့ချက်အရ သိရသည်။

သြဂုတ် ၂၀ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က လသာရဲစခန်းအား ဗုံးပါသည့်အထုပ်ဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် လိုက်ပစ်ခဲ့ခြင်းဖြစ်သည်။

” ပစ်တာတော့ တော်တော်များတယ်။ ၁၀ ချက်လောက်ရှိမယ်။ ကားကတော့ လွတ်သွားတယ်။ အခုထိတော့ ကားတွေကို စစ်ဆေးနေတယ်” ဟု လသာမြို့နယ်တွင် နေထိုင်သူတစ်ဦးကဆိုသည်။

ယင်းဖြစ်စဥ်ကြောင့် ကမ်းနားလမ်း ညောင်ပင်လေးစျေး မီးပွိုင့်ထောင့်နားတွင် လမ်းသွားလမ်းလာယာဥ်များကို စစ်ဆေးလျက်ရှိသည်။

ပုံဟောင်း လသာစခန်းအနီး
Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*