လိပ်ခြံကျေးရွာတွင် စစ်ကောင်စီမှ နေအိမ် ဈေးဆိုင်များကို ဖျက်ဆီးပြီ

လိပ်ခြံကျေးရွာတွင် စစ်ကောင်စီမှ နေအိမ်၊ ဈေးဆိုင်များကို ဖျက်ဆီးပြီး ခိုးယူသွားသောပစ္စည်းများသယ်ရန် ရွာသား ၄ ဦး ကို ဖမ်းဆီးသွား

 

ရန်ကုန်၊ သြဂုတ် ၃၀

 

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ အနောက်မြောက်ဘက်ရှိ လိပ်ခြံကျေးရွာတွင်း သို့ သြဂုတ်လ ၂၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး ဘုန်းတော်ကြီးကျောင်း၊ နေအိမ်များနှင့် ဈေးဆိုင်ခန်းများကို ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူသွားပြီး ယင်းပစ္စည်းများကို သယ်ယူရန် ရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

 

“သူတို့ ထွက်သွားပြီးတော့ ဒီနေ့လယ်လောက်မှ ရွာကို ပြန်ဝင်ကြည့်တာ အကုန်ဖျက်ဆီးသွားတယ်၊ ခိုးယူသွားတယ်၊ ဘုန်းကြီးကျောင်းက အလှူပစ္စည်းတွေပါ မကျန် ခိုးသွားကြတာ၊ ပစ္စည်းတွေသယ်ဖို့ ရွာသား ၄ ယောက်ကို ဖမ်းသွားတယ်” ဟု လိပ်ခြံရွာသားတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

 

ယမန်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိပ်ခြံကျေးရွာအတွင်းသို့ သေနတ်ဖောက်ဝင်ရောက်ခဲ့ပြီး ရွာသားများမှာ ‌ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာသား ၄ ဦးခန့် ပျောက်ဆုံးနေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပစ်သတ်လိုက်ကြသည်ဟု ကောလာဟလသတင်းများလည်း ထွက်ပေါ်နေသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*