လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းရဲ့ ဇနီးဖြစ်သူပြန်လည်လွတ်မြောက်

လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းရဲ့ ဇနီးဖြစ်သူပြန်လည်လွတ်မြောက်

 

NLD အရပ်သားအစိုးရအဖွဲ့က ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့အမျိုးသမီးဟာ သြဂုတ်၂၅ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်ခံခဲ့ရပေမယ့် ဒီကနေ့ စက်တင်ဘာ ၁ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီလို့ ကာယကံရှင်ကဘီဘီစီကိုအတည်ပြုပြောဆိုပါတယ်။

 

ဦးနိုင်ငံလင်းရဲ့ဇနီးဖြစ်သူကိုဖမ်းဆီးပြီးနောက် သြဂုတ်လ ၂၇ရက်မှာ

ဒေသကာကွယ်ရေးတပ်တွေကို စားနပ်ရိက္ခာထောက်ပံ့လို့ဖမ်းဆီးရတာဖြစ်တယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့ပါတယ်။

 

ဒီကနေ့စက်တင်ဘာ ၁ရက်နေ့မှာတော့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့

ဇနီးဖြစ်သူဟာပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း၊ ဖမ်းဆီးချိန်မှာ

သူနဲ့အတူ လူ၅ဦးပါရှိကြောင်းနဲ့မျက်လုံးကိုအဝတ်နဲ့စည်းပြီး

ခေါ်ဆောင်သွားတာဖြစ်ကြောင်း ဦးနိုင်ငံလင်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့်ရေးသားဖော်ပြခဲ့ပါတယ်။

 

အခုလိုဖမ်းဆီးခံခဲ့တဲ့အကြောင်းအရင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေကို

ရိက္ခာထောက်ပံ့တယ်ဆိုတဲ့ စစ်ကောင်စီရဲ့စွပ်စွဲထုတ်ပြန်တာကို

ဦးနိုင်ငံလင်းရဲ့ဇနီးဖြစ်သူကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမယ့်

အင်တာဗျူးဖြေဖို့ငြင်းဆိုခဲ့ပါတယ်။

 

ဘီဘီစီမြန်မာပိုင်း

 

ဓာတ်ပုံ -Naing Ngan Lin ဖေ့ဘွတ်ခ် (ပုံဟောင်း)

Be the first to comment

Leave a Reply

Your email address will not be published.


*