လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းအား ထောင်၀င်စာပို့လာပို့သည့် ၎င်း၏ ဇနီးနှင့် ကလေးဖမ်းဆီးခံရ 

လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းအား ထောင်၀င်စာပို့လာပို့သည့် ၎င်း၏ ဇနီးနှင့် ကလေးဖမ်းဆီးခံရ

 

ဝေဟင်စိုး

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၏ ဇနီးနှင့် ကလေးမှာ ယနေ့ နံနက်ပိုင်းက ထောင်၀င်စာ သွားရောက်ပို့ဆောင်စဉ် ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

 

ရန်ကုန် အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော ဦးနိုင်ငံလင်းထံသို့ ဇနီးဖြစ်သူ မခင်စန္ဒာ၀င်းနှင့် သားဖြစ်သူ စံနိုင်ငံလင်းတို့ ထောင်၀င်စာသွားရောက်ပို့ဆောင်စဉ် ဖမ်းဆီးခံလိုက်ခြင်းဖြစ်သည်ဟု မဇ္ဈိမက ကနဦး သိရှိရသည်။

 

မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို အတည်မပြုနိုင်သေးပေ ။

 

လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းကို ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းယူစဉ်အချိန်ကပင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ၄င်းအနေဖြင့် အကျဉ်းထောင်အတွင်း Covid -19ရောဂါကူးစက်ခံနေရကြောင်း သိရသည်။

 

Photo လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း

Be the first to comment

Leave a Reply

Your email address will not be published.


*