လောင်းလုံမှာ နာရေးကအပြန် ဖမ်းဆီးခံရတဲ့

လောင်းလုံမှာ နာရေးကအပြန် ဖမ်းဆီးခံရတဲ့

အမျိုးသမီး(၄)ဦးကို ခံဝန်ကတိနဲ့ပြန်လွှတ်ပေး

 

သြဂုတ် ၃၀-၂၀၂၁

KK(VOM)

 

လောင်းလုံးမြိုနယ် စစ်ပြဲကျေးရွာမှာ မနေ့ ဩဂုတ်လ ၂၉ရက်က နာရေးပို့ပြီးအပြန်မှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီး(၄)ဦးကို ဒီကနေ့မနက်ပိုင်းမှာ လောင်းလုံမြို့မရဲစခန်းက ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

လောင်းလုံဒေသခံတစ်ဦးက ” ဆန္ဒပြပွဲမှာပါတယ်ဆိုပြီး ဖမ်းတာ၊ နောက်ဆန္ဒပြပွဲမှာပါရင် လွှတ်ပေးတော့မှာမဟုတ်ဘူး၊ မပါဖို့နဲ့ဆန္ဒမပြဖို့ လက်မှတ်ထိုးရတယ်လို့ ကြားတယ်”လို့ ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ စစ်ပြဲကျေးရွာက ဒေါ်အေးချို၊ မသီတာဝင်း၊ မမီးသက်ဆောင်း၊ မအိမ့်စပါယ်ချိုတို့ ဖြစ်ပြီး နာရေးကူညီမှုအသင်းမှာ သွားရောက်ကူညီပေးရင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း လောင်းလုံမြို့

နယ်ရှိရပ်ကွက်အချို့မှာ စစ်တပ်နဲ့တွေဟာ တက်ကြွလှုပ်ရှားသူလူငယ်တွေကို ဖမ်းဆီးခဲ့တာတွေလည်း ရှိခဲ့ပါသေးတယ်။

 

#voiceofmyanmar #VOM #လောင်းလုံ

Be the first to comment

Leave a Reply

Your email address will not be published.


*