လွိုင်ကော်မြို့ပေါ်ရှိ Mytel ရုံးဗုံးပေါက်ကွဲ

လွိုင်ကော်မြို့ပေါ်ရှိ Mytel ရုံးဗုံးပေါက်ကွဲ

 

 

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့လယ်ရှိ တောင်ကွဲစေတီအောက်ရှိ Mytel ရုံးတွင် သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၇ နာကျော်ဝန်းကျင်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

 

“ဘယ်သူလက်ချက်လည်းဆိုတာမသိဘူး။ ပေါက်ကွဲသံတော့အကြယ်ကြီးဘဲ။ ထွက်ကြည့်တော့ Mytel ရုံးမှာပေါက်ကွဲတာဖြစ်တယ်။ ပေါက်ကွဲပြီးဒါနဲ့ စစ်သားတွေရောက်လာတယ်လို့ ” ဒေသခံတစ်ဦးမှပြောသည်။

 

ဗုံးပေါက်ကွဲမှုကြောင့် Mytel ရုံးအဝင်ပေါက်ဖက်ခြမ်းပျက်ဆီးသွားခဲ့သည်။ အလားတူ သြဂုတ်လ ၂၃ ရက်နေ့မှာ ဒီမောဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုရှိ Mytel တာဝါတိုင်ကိုလည်း ဖောက်ခွဲခံခဲ့ရသည်။

 

Photo – Ko Thar Gyi

Mizzima

Be the first to comment

Leave a Reply

Your email address will not be published.


*