လွိုင်ကော်သို့ ချီတက်သွားသော စစ်ကောင်စီစစ်ကြောင်းတွင် ပြည်သူ ၁၅ ဦးခန့်အား စစ်ဝတ်စုံများဝတ်ဆင်စေပြီး လက်ထိပ်ခတ်ကာ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွား

လွိုင်ကော်သို့ ချီတက်သွားသော စစ်ကောင်စီစစ်ကြောင်းတွင် ပြည်သူ ၁၅ ဦးခန့်အား စစ်ဝတ်စုံများဝတ်ဆင်စေပြီး လက်ထိပ်ခတ်ကာ လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွား

ရန်ကုန်၊ သြဂုတ် ၂၁

ကယားပြည်နယ် (ကရင်နီဒေသ) ဖရူဆို-ဒီးမော့ဆိုမှတဆင့် လွိုင်ကော်မြို့သို့ ချီတက်သွားသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွင် ဒေသခံပြည်သူ ၁၅ ဦးခန့်အား လက်ထိပ်ခတ် သံကြိုးချည်ပြီး စစ်ဝတ်စုံများဝတ်ဆင်ကာ သြဂုတ်လ ၂၁ ရက် ယနေ့နံနက်တွင် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ ဒေသခံရွာသား ၂၉ ဦး ဖမ်းဆီးခံခဲ့ရပြီး လက်ရှိ တောင်ယာခုတ်သည့်ရာသီအတွင်း ဒေသခံရွာသားများ အခက်အခဲဖြစ်နေသည်ဟု ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသူ ကိုဗညားမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုထားသည်။

ယနေ့ အကြမ်းဖက်စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ပြည်သူ ၁၅ ဦးမှာ အသစ်ထပ်မံ ဖမ်းဆီးထားသူများ ဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Photo – KnIC
Khit Thit Media

Be the first to comment

Leave a Reply

Your email address will not be published.


*